ကိုရီးယားစာကြိုက်တဲ့သူတွေအတွက် ပဲပြားကို စားချင်စဖွယ်လေးနဲ့ အရသာရှိရှိလေးဖြစ်အောင် ချိုချဉ်ကြော်လုပ်စားနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်တာကြောင့် ကိုရီးယားစာကြိုက်ရင် ဒါလေးကို Try ကြည့်သင့်ပါတယ်နော်။

ပထမဆုံးအနေနဲ့ ပဲပြားကို ကုဗတုံးဆိုဒ်လေးတွေရအောင် တုံးပေးပါ။

တုံးပြီးရင်တော့ ပလက်စတစ်အိတ်ထဲထည့်ပါ။ အာလူးဂျုံ (သို့) ပြောင်းဂျုံကို စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်ပြီး သမသွားအောင် အိတ်ကိုရှိတ်လုပ်ပေးပါ။

ရပြီဆိုရင် အိုးထဲကို ဆီထည့်ပြီး ပဲပြားကိုကြော်ပါမယ်။ ကြော်ပြီးရင် ဆီစစ်ထားပါ

နောက်ဒယ်အိုးထဲကို သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ketchup ဆော့စ် – စားပွဲတင်ဇွန်း ၄ ဇွန်း၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ၊ ငရုပ်သီးအနှစ် – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ ရေ – စားပွဲတင်ဇွန်း ၇ ဇွန်းစာထည့်ပြီး မွှေပါ။

တစ်မိနစ်လောက်တည်ထားရင် ပွက်ပွက်ဆူလာပါလိမ့်မယ်။ ပွက်ပွက်ဆူလာပြီဆိုမှ ခုနကကြော်ထားတဲ့ ပဲပြားတွေကို ထည့်ပြီး မွှေပေးပါ။

သေချာမအောင်မွှေပြီးပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားလို့ရပါပြီ။ ပိုပြီးစားချင်စဖွယ်လေးဖြစ်ချင်တယ်ဆိုရင်တော့ အပေါ်ကနေ ချိစ်ဖြစ်ဖြစ်၊ မြေပဲဖြစ်ဖြစ်ဖြူးပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ စားချင်စဖွယ်လေးနဲ့အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ပဲပြားချိုချဉ်ကြော်ကို ရရှိသွားပါပြီ။ ဒီတိုင်းစားလို့လည်းရသလို ထမင်းဖြူလေးနဲ့စားလည်း ထမင်းမြိန်စေပါတယ်။

Source: www.deliciousday