အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ်ရော ခွန်အားဖြစ်စေမယ့် သွားရေစာအဖြစ်ပါ စားသုံးနိုင်တဲ့ ကြက်ဥပေါင်မုန့်မီးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၂ ချပ်
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ဂေါ်ဖီ ၁ အောင်စခန့် (ပါးပါးလှီးထားပါ) နှင့် မုန်လာဥနီ ၁.၅ အောင်စခန့် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလှီးထားပါ)
  • ဆား၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီးဆော့စ်၊ ထောပတ်နှင့် ဟင်းချက်ဆီ အနည်းငယ်

အပိုထပ်ချင်ချင်ပါက ထပ်ထည့်နိုင်သည့် ပါဝင်ပစ္စည်းများ

  • မိရောနိစ်၊ ဝက်သားပြား၊ ချိစ်၊ ကြက်သွန်နီ၊ သခွားသီး

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၂ လုံး ဖောက်ထည့်ကာ ပန်းဂေါ်ဖီ၊ မုန်လာဥနီနှင့် ကြက်သွန်နီတို့ ထပ်ထည့်ပြီးနောက် မွှေခလောက်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းတို့ ထပ်ထည့်ကာ ထပ်မံ မွှေခလောက်ပေးရပါမယ်။

ဒယ်အိုးတစ်လုံးကို မီးအပူပေးပြီးနောက် ကြက်ဥများ ထည့်ကြော်လိုက်ပါ။

ပေါင်မုန့်နှစ်ချပ်ကို ထောပတ်သုတ်လိမ်းပြီးနောက် ဒယ်အိုးထဲထည့်ကာ ပေါင်မုန့် နှစ်ခြမ်းစလုံးကို တစ်မိနစ်စီ အပူပေးရပါမယ်။

ပေါင်မုန့်နှစ်ချပ်ကို စဉ်းနီတုံးပေါ် တင်ထားပြီးနောက် ကြက်ဥကြော် ထည့်ကာ ခရမ်းချဉ်သီးဆော့စ်များ ညှစ်ထည့်လိုက်ပါ။

အပိုပါဝင်ပစ္စည်းများ ထပ်ထည့်မည်ဆိုပါက ကြက်ဥထည့်ပြီးနောက်တွင် ဝက်သားပြား၊ ချိစ်၊ ခရမ်းချဉ်သီးဆော့၊ မိရောနိစ်တို့ ထည့်ကာ အခြားပေါင်မုန့်ချပ်ကို ထပ်တင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥညှပ်ပေါင်မုန့်ကို ကော်ဖီနဲ့ပဲဖြစ်ဖြစ်၊ အအေးနဲ့ပဲဖြစ်ဖြစ် အရသာရှိရှိသောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: mykoreankitchen.com