ဖရဲသီးက အရည်ရွှမ်းတဲ့ သစ်သီးဖြစ်တာကြောင့် ဖရဲသီး စားသုံးခြင်းက ရေဓာတ်မခမ်းခြောက်အောင် ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝတဲ့အတွက်ကြောင့် အသားအရေ စိုပြေစေတဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဒီလို အရသာရှိတဲ့ ဖရဲသီးကို သူ့ချည်းပဲ သီးသန့်ဖျော်မသောက်ဘဲ အခြားအသီးအနှံလေးတွေနဲ့ ဖျော်သောက်မယ်ဆိုရင် ပိုပြီးအရသာရှိပါတယ်။ စာဖတ်သူ Foodies လေးတို့ မယုံဘူးဆိုရင် စမ်းသောက်ကြည့်လို့ရအောင် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး ၄၂၀ ဂရမ်
  • ဖရဲသီး အဝါ ၉၅ ဂရမ်
  • နာနတ်သီး ၄၀ ဂရမ်
  • သံပုရိုသီး ၄၀ ဂရမ်
  • ဘလူးဘယ်ရီသီး ၂၀ ဂရမ်

  • နို့ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေအနည်းငယ်
  • ပင်စိမ်းရွက် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဖရဲသီးကို ဇွန်းလေးနဲ့ ဘောလုံးပုံသဏ္ဍာန်ရအောင် ထုတ်လိုက်ပါ။ ဖရဲသီးလုံးများကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် ကျန်ရှိတဲ့ ဖရဲသီးအသားကိုတော့ ဖျော်စက်ထဲ ထည့်ကာ ရေအနည်းငယ်နှင့် နို့ဆီတို့ထည့်ပြီး မွှေပေးလိုက်ပါ။

၂။ ဖရဲသီး အဝါကိုလည်း ဘောလုံးပုံသဏ္ဍာန် ထုတ်ယူပါ။ နာနတ်သီးကို အတုံးသေးသေး တုံးထားပါ။ သံပုရိုသီးကို အစိပ်သေးသေးလေး လှီးဖြတ်ထားပါ။

၃။ ဖရဲသီး ပန်းကန်ထဲသို့ ဖရဲသီးအဝါ၊ နာနတ်သီး၊ ဘလူးဘယ်ရီသီးနဲ့ သံပုရိုသီးတို့ ထည့်လိုက်ပါ။

ထို့နောက် စောစောက ဖျော်ထားသော ဖရဲသီးဖျော်ရည်ကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဖရဲသီးဖျော်ရည်အေးအေးလေးကို သုံးဆောင်နိုင်ပါပြီ။ ပိုမိုအေးမြတဲ့ဓာတ်ကို လိုချင်ပါက ရေခဲတုံးအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

Source: mykoreankitchen.com