အားလုံးပဲ မင်္ဂလာပါ။ အရသာမိမိုက်တဲ့ ဆိုဂျူးတစ်ခွက် သောက်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ဒိန်ချဉ်နဲ့ တွဲဖျော်ထားတဲ့ ဆိုဂျူးကော့တေး ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆိုဂျူး ၃ အောင်စ
  • ဒိန်ချဉ် ၃ အောင်စ
  • သံပုရာအရသာ ဆိုဒါဖျော်ရည် ၃ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကော့တေးဖျော်သော ခွက်ထဲသို့ ရေခဲတုံးများ၊ ဆိုဂျူးနှင့် ဒိန်ချဉ်ဖျော်ရည်များ ထည့်ကာ အဖုံးပိတ်ပြီး သမအောင် မွှေခလောက်ပေးလိုက်ပါ။

၂။ ပါဝင်ပစ္စည်းများအားလုံး သမသွားပြီး အေးသွားသည်အထိ မွှေပြီးသွားတဲ့အခါမှာတော့ ကော့တေးဖျော်ရည်အေးအေးလေး ရသွားပါလိမ့်မယ်။

၃။ ရရှိလာတဲ့ ကော့တေးဖျော်ရည်ကို ဖန်ခွက်ထဲ ထည့်ထားလိုက်မယ်ဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ဒိန်ချဉ် ဆိုဂျူး ကော့တေး ဖျော်ရည်တစ်ခွက် ရရှိသွားပါပြီ။

Source: Thespruceeats.com