အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပဲပြားမြေပဲသုပ်လေးသုပ်စားရအောင်ပါ။ သက်သတ်လွတ်စားချင်တဲ့သူတွေအတွက်ဆိုလည်း အဆင်ပြေပါတယ်နော်။

ပါဝင်ပစ္စည်း

ပဲပြားအတွက်

  • ပဲပြား ၁ တုံး
  • ပြောင်းဖူးကော်မှုန့် ခွက်၁/၃ ခွက်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ကြက်သွန်နီ အနည်းငယ်

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆားအနည်းငယ်
  • ရေ ခွက် ၁/၄ ပုံ

ကျန်တဲ့ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနှောက် အနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား အနည်းငယ်
  • ရှလကာရည် အနည်းငယ်

  • နှမ်းဆီနဲ့ ကော်မှုန့် အနည်းငယ်
  • ရေ ခွက် ၂/၃ ပုံ
  • အသီးအရွက်ဆီ အနည်းငယ်
  • မြေပဲ ၁ ခွက်
  • မုန်လာဥနီ အသေး ၂ လုံး (အတုံးလေးတွေလှီးလိုက်ပါ)

  • ဂျင်းအနည်းငယ်
  • ငရုတ်သီးအနီတောင့် ၃-၅တောင့်
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ပဲပြားကို အတုံးလေးတွေလှီးလိုက်ပါ။

ပြီးရင် ပဲပြားအတွက် ပါဝင်ပစ္စည်းတွေကို ရောလိုက်ပါ။

မြေပဲကို အသီးအရွက်ဆီနည်းနည်းနဲ့ ကြော်လိုက်ပါ။ ၅ မိနစ်လောက် ကြွပ်ကြွပ်ကြော်လိုက်ပါ။

ပြီးရင်မြေပဲကို ဆည်ပြီး ဆီဆစ်လိုက်ပါ။

အဲဒီထဲမှာ ပဲပြားကို ထည့်ကြော်ပါ။

တစ်ဖက်ဆီ အညိုရောင်လေးသန်းလာအောင် ကြော်လိုက်ပါ။

ပဲငံပြာရည် (၂) မျိုး၊ သကြား၊ ဆား၊ ရှလကာရည်၊ နှမ်းဆီ၊ ကော်မှုန့်၊ ရေ တို့ိုထည့်ပြီးမွှေထားပါ။

ကျန်တဲ့အသီးအရွက်တွေကိုလည်း ကြော်လိုက်ပါ။

အဲဒီနောက်အပူချိန်မြင့်ပြီး စောစောကရောထားတဲ့ ဆော့လ်ကို ထည့်လိုက်ပါ။

အဲဒီနောက် ဆော့လ်လေးတွေဆူလာပြီး ပျစ်ပျစ်လေးဖြစ်လာရင်တော့ ပဲပြားနဲ့ မြေပဲကိုထည့်လိုက်ပါ။

ခဏလောက်သေချာမွှေလိုက်ပြီး ထမင်းပူပူနဲ့ သုံးဆောင်လို့ရပါပြီနော်။

Source: thewoksoflife.com