ပါဝင်ပစ္စည်းများ

ပဲကြာဇံ – ၂၀၀ ဂရမ် (ရေ ၁၀ မိနစ်ခန့်စိမ်ပြီး ဆယ်၍ ရေစစ်ထားပါ)

ကြွက်နားရွက်မှိုခြောက် – ၅၀ ဂရမ် (ရေစိမ်ပြီး ပွလာပါက သဲမပါစေရန် အောက်ခြေကိုဖြတ်ပြီး ရေစင်စင်ဆေးကာ နှစ်ပိုင်းခန့်ဖြတ်ပြီးရေစစ်ထားပါ)

ပန်းခြောက် – ၅၀ ဂရမ် (အထုံးလေးတွေထုံးပြီး ၅ မိနစ်ရေစိမ်ပြီး ရေစင်စင် ဆေးကာရေစစ်ထားပါ)

ပဲလိပ်ခြောက် – ၅၀ ဂရမ် (၁၀ မိနစ်ခန့် ရေစိမ်ပြီး ပွလာလျှင် ၁ လက်မလောက်ဖြတ်ကာ ရေစစ်ထားပါ)

ငုံးဥ – ၂၀ လုံး ( ပြုတ်ပြီး အခွွံံခွာထားပါ)

ကြက်သွန်ဥနီသေေးသး – ၂၀ လုံး (အခွံခွာပြီး ရေဆေးထားပါ)

ဆား၊ နနွင်း၊ ငံပြာရည်၊ ငရုပ်ကောင်း

ကြက်သား နဲ့ ကြက်ရိုး – ၁/၂ ကီလိုဂရမ် (အသားကို သေးသေးတုံးပြီး ကြက်ရိုးကို နှစ်ပိုင်းသုံးပိုင်းခုတ်ကာ ဆား၊ နနွင်းနယ်ကာ ၁ နာရီခန့်နှပ်ထားပါ)

ကြက်သားချက်ရန် ကြက်သွန်နီ ၄ လုံး နှင့် ကြက်သွန်ဖြူ ၃ မွှာ (ငရုပ်သီးအစိမ်းမှုန့်ထည့်ကာ ညက်အောင်ထောင်းထားပါ)

ကြာဇံချက်ထဲ ထည့်စားရန် ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးပြီး ရေစိမ်ထားပါ)

သံပုရာသီး ၂ လုံး (အစိပ်လေးတွေ စိပ်ထားပါ)

နံနံပင် (ရေစင်စင်ဆေးပြီး လက်မဝက်ခန့် ညှပ်ထားပါ)

ငရုပ်သီး အလှော်မှုန့်

ချက်ပြုတ်နည်း

ထောင်းထားသောကြက်သွန်ကို နနွင်းမှုန့် ထည့်ကာဆီသတ်ပြီး ကြက်သား၊ ကြက်ရိုး ၊ ငံပြာရည်၊ ဆား ထည့်ကာ ချက်ထားပါ။

အိုးကြီးကြီးတွင် ရေ ၃ လီတာ ခန့်ကို တည်ထားပြီး ပွက်ပွက်ဆူလျှင် အခွံခွာထားတဲ့ ကြက်သွန်နီသေးလေး နှင့် ချက်ထားတဲ့ ကြက်သား၊ ကြက်ရိုးတွေကို ဆီစစ်ကာထည့်ပါ။

ထိုနောက် ကြွက်နားရွက်၊ မှို၊ ဆား၊ ငံပြာရည် ထည့်ပြီး ၁၅ မိနစ်ခန့် ကြာလျှင် ပန်းခြောက်၊ ပဲလိပ်ခြောက် နှင့် ငုံးဥ ထည့်ကာ ဆူအောင်ထားပြီး စားခါနီးမှ ပဲကြာဇံကို ထည့်ကာ ပွက်ပွက်ဆူလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ ငရုပ်သီးအလှော်မှုန့် ထည့်ကာ သံပုရာရည်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Credit: Myanmar Foods & Other