ကျောက်ကျောလို့ဆိုလိုက်ရင် အားလုံးရုတ်တရက်တွေးမိတာက အလှူမင်္ဂလာအချိန်တွေမှာပဲ စားရတတ်တဲ့ မြန်မာ့အချိုပွဲတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာဆိုရင် ဒီလိုရက်ထူးတွေရှိတဲ့အခါမှာသာ ပြုလုပ်လေ့ရှိတဲ့ ကျောက်ကျောကို ဈေးတွေမှာလည်း ရောင်းချလာတာကို တွေ့မြင်ရမှာပါ။

ဒီလိုအိတုန်တုန်လေးနဲ့ စားလို့အလွန်ကောင်းတဲ့ ကျောက်ကျောထဲမှာမှ အုန်းနို့ကျောက်ကျောကို အိမ်မှာဘယ်လိုလုပ်နိုင်မလဲဆိုတာ အခုပဲနည်းလမ်းလေး ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

  • ရေ – ၂ ခွက်ခွဲ
  • အာဂါးအာဂါးကျောက်ကျောမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား – ခွက် ၁ ဝက်
  • အုန်းနို့ (သံဘူး) – ၁ ဘူး
  • ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ

ရေ၊ သကြား၊ အာဂါးကျောက်ကျောမှုန့်၊ ဆားတို့ကို အလယ်အလတ်ဒယ်အိုးတစ်ခုထဲ အတူရောထည့်ပြီး သေချာမွှေပါ။

မီးအနေတော်မှာတည်ထားပြီးတော့ ပွက်အောင်တည်ပေးပါ။ သကြားနဲ့ ကျောက်ကျောမှုန့်တွေ လုံးဝပျော်ဝင်သွားတဲ့အထိ ချက်ပါ။

အုန်းနို့ထည့်လိုက်ကာ နောက်ထပ်တစ်မိနစ်လောက် တည်ပေးပါ။

နောက်ထပ် ၂ မိနစ်လောက် ဆူအောင်တည်ပေးပြီး မီးဖိုပေါ်ကချလိုက်ပါ။ ပြီးရင်တော့ ပုံစံခွက်ထဲပြောင်းထည့်လိုက်ကာ အခန်းအပူချိန်မှာ ခေတ္တခဏ ထားပေးလိုက်ပါ။

အေးသွားပြီဆိုရင်တော့ နောက်ထပ် နာရီအနည်းငယ်လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပြီးရင် တင်းတင်းလေးနဲ့ အေးအေးလေးကို အရသာရှိရှိ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

Source: onegreenplanet