လာအို ဟင်းဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာလည်း မှိုဟင်းရည် က လူကြိုက်များတဲ့ အစားအစာတမျိုးပါ။ ရန်ကုန် ထိုင်းဆိုင်တွေမှာလည်း ထည့်ရောင်းကြတာတွေ့ရပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ 

မှို မျိုးစုံ ( မိမိကြိုက်နှစ်သက်တဲ့ မှို ) ထည့်နိုင်ပါတယ်။

ခြူးပုတ်

ဖရုံသီး

ခဝဲသီး

စွယ်တော်ရွက်

ငပိ ရည် (ထိုင်း )

ငရုပ်သီး စိမ်း

ဟင်းခတ်မှုန့်

မျှစ် ကြိုက်ပါက  မျှစ် ချို ထည့်ချက်လို့ရပါတယ်။

ချက်နည်း အဆင့်ဆင့် 

ပထမဆုံး ငရုပ်သီးကို ထောင်းပါ။ ရေအိုးကို ပွတ်နေလာပါက ငပိရည် နဲ့ ငရုပ်သီး ဟင်းခတ်မှုန့်ထည့်လိုက်ပါ နောက် အကျက်ခက်တဲ့ ဖရုံသီးကို ထည့်လိုက်ပါ။

ဖရုံသီး ကျက်ခါနီး မှို အားလုံးထည့်လိုက်ပါ။ နောက် ခဝဲသီး၊ စွယ်တော် ရွက်ကို ထည့်လိုက်ပါ။ နောက်ဆုံး ဟင်းအိုး ချ ခါနီး ခြူးပုတ်ကို ခတ်ပြီး အိုးကို အုပ်ကာ ချလို့ရပါပြီ။

တချို့ ဆိုင်တွေမှာတော့ ငါးခြောက်တွေ ထည့် ချက်တာ ရှိပါတယ်။ ငါးခြောက် ထည့်ချက်ရင် လည်း အရသာ ပိုလေးပြီး ပိုမွှေးပါတယ်။

ငါးခြောက်ထည့်ချက်မယ်ဆိုပါက ရေပွတ်တဲ့ချိန် ငပိရည် တို့ ထဲတဲ့ချိန် တခါတည်း ထည့်ပါ။

ကိုယ်တိုင်ချက်ပါက ကျန်းမာရေး နဲ့ ညီညွတ်ပြီး အချိုမှုန့် ရှောင်သူတွေအတွက် ပိုကောင်းပါတယ်။