အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ဝက်သားကောက်ညှင်းပေါင်း ပြင်ဆင်ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် ပန်းကန်လုံး ၂ လုံးခွဲစာ
  • ငှက်ပျောရွက် (သို့) ဝါးရွက် ၈ ရွက်ခန့်
  • ဝက်သား သုံးထပ်သာ ဝ.၅ ပေါင်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖ်ကရည်ဇွန်း တစ်ဝက်
  • အခွံခွာထားပြီးသော မြေပဲ ပန်းကန်လုံး တစ်ဝက်
  • ဝက်အူချောင်း ၃ ချောင်း (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကောက်ညှင်းဆန်ကို တစ်ညခန့် (သို့) ၆ နာရီခန့် ကြိုတင်စိမ်ထားလိုက်ပါ။ ဝါးရွက် (သို့) ငှက်ပျောရွက်ကိုလည်း ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ။

၂။ ဝက်သားသုံးထပ်သားကို လက်မဝက် အရွယ်အစားခန့် လှီးဖြတ်ထားပါ။ ထို့နောက် ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ဖြင့် သမအောင် နယ်ထားပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၁ နာရီ၊ ၂ နာရီခန့် နှပ်ထားလိုက်ပါ။

၃။ မြေပဲများကို ရေထဲတွင် ၁ နာရီခန့် စိမ်ထားပါ။ ထို့နောက် ၁၀ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၄။ ရေစိမ်ထားသော ကောက်ညှင်းဆန်များကို ဆယ်ယူပြီးနောက် ပန်းကန်လုံးထဲထည့်ကာ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၅။ ထိုပန်းကန်လုံးထဲသို့ မြေပဲများထည့်ပါ။ ဝက်အူချောင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ကောက်ညှင်းဆန်နှင့်အတူတူ သမအောင် ရောနယ်လိုက်ပါ။

၆။ ထို့နောက် ပေါင်းအိုးထဲသို့ ဝါးရွက် (သို့) ငှက်ပျောရွက် တစ်ဝက်ခန့် ထည့်ထားလိုက်ပါ။ ထိုအရွက်ပေါ်သို့ ကောက်ညှင်းဆန်အရောအနှော တစ်ဝက်ခန့်ထည့်ပါ။ ထို့နောက် ဝက်သား တစ်ဝက်ခန့်ထည့်ပါ။ ထို့နောက် ကောက်ညှင်းဆန် ထည့်ပါ။ ဝက်သားထည့်ပါ။ နောက်ဆုံးမှာတော့ ဝါးရွက်ဖြင့် ပြန်အုပ်ထားလိုက်ပါ။

၇။ ထိုကောက်ညှင်းကို ပေါင်းအိုးထဲတွင် မိနစ် ၆၀၊ မိနစ် ၉၀ ခန့် ထည့်ပေါင်းထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်အောင် ပြောင်းပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား ကောက်ညှင်းပေါင်းလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com