ရှောက်သီးဖတ် ငပိထောင်းနည်းလေးပါ။ သွေးတိုးရှိတဲ့သူလည်း စားလို့ရပါတယ်။ ဆီမြှုပ်အောင်ထည့်ထားရင် အကြာကြီးလည်းခံတယ်။ အလုပ်သွားရတဲ့သူတွေ တစ်ပတ်စာ ထောင်းထားရင် ထမင်းမြိန်မြိန်စားလို့ရတယ်။ အဝေးကသူကို အများကြီးထောင်းပြီး လက်ဆောင်ပေးလည်း ကိုယ့်ကိုအမြဲငပိထောင်းနဲ့တွဲပြီး သတိရနေလိမ့်မယ်။ အရမ်းခံတွင်းမြိန်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငပိကောင်းကောင်း – ၁၀ ကျပ်သား
- ရှောက်သီးစိမ်းစိမ်း အနေတော် – ၁ လုံး (ရှောက်သီးက အဝါရောင်သန်းပြီး မှည့်နေရင် အရည်ရွှမ်းလို့ မကောင်းပါ ခါးတတ်သည်)
- ငရုတ်သီး စပ်စပ်ကြိုက်ရင် များများ (မွှေးအောင် လှော်ထားပါ)
- ဗမာ ကြက်သွန်ဖြူဥ – ၅ လုံး
- အချိုမှုန့် – အနည်းငယ်
- ဆား – အနည်းငယ်
ပြုလုပ်နည်း
- ငပိကို မွှေးရုံလေး မီးကင်ပါ ။ တူးသွားရင် ခါးပြီး ငပိအနံ့လည်း သိပ်မမွှေး တော့ပါ။ ငရုတ်သီးစိမ်းလည်း မွှေးအောင် လှော်ပါ ။ ကြက်သွန်ဖြူလည်း လှော်ပါ ။
- ငရုတ်သီး ၊ ကြက်သွန်ဖြူကို မညက်တညက်ထောင်း ပြီးရင် ငပိပါ အချိုမှုန့် အနည်းငယ် နဲ့ထောင်းပါ။ ရှောက်သီးကို အခွံခွာပြီး အဖတ်ကလေးများ မျှင်ပါ ။ ဆား အနည်းငယ် နှင့်နယ်ပြီး ငပိထဲ ထည့်ထောင်းပါ။
- နှံ့ှရုံ ဖွဖွလေး ထောင်းပါ ။ ရှောက်သီးဖတ်တွေ ကြေမသွားစေရ။ ပြီးရင် ဗူးလေးထဲ ထည့်ပြီး အပေါ်က ဆီမြုပ်အောင် ထည့်ထားရင် အကြာကြီး ထားစားလို့ ရပါတယ် ။
** ကျမက တခါထောင်းရင် အများကြီး ထောင်းပြီး အကြာကြီး စားပါတယ်။ ရေခဲသေတ္တာထဲ ထားရင်ပိုကောင်းပေမယ့် ဒီအတိုင်း အခန်း အပူချိန်မှာ ဆီမြုပ်အောင် ထည့်ပြီးထားလည်း အရသာ မပြောင်းပါဘူး။ ထမင်းမြိန် စေတာလည်း အမှန်ပါပဲနော်
Credit: ပန်းခရေ