အားလုံးပဲ မင်္ဂလာပါ။ ငါးဟင်းဆို ညှီလို့ မစားနိုင်ဘူး မကြိုက်ဘူးဆိုသူများအတွက် ဒီတစ်ခါမှာတော့ ထောပတ်နဲ့ သံပုယိုရည်ရနံ့ သင်းသင်းလေးနဲ့ မွှေးပျံ့နေတဲ့ ငါးအသားလွှာ အကြွပ်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး ၁ ပေါင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို အရေခွံနှင့် အရိုးတို့ ဖယ်ရှားလိုက်ပါ။ ရရှိလာတဲ့ ငါးအသားလွှာကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။

ထို့နောက် ခြောက်သွေ့သွားဖို့ရန်အတွက် တစ်သျှူးစက္ကူဖြင့် သုတ်လိုက်ပါ။ ထို့နောက် ငါးရဲ့တစ်ဖက်တစ်ချက်စီကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ ဖြူးထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ငါး အသားလွှာထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ငါးကြော်က အညိုရောင်ဖျော့ဖျော့လေး ပြောင်းသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၃။ အခြားဒယ်အိုးတစ်ခုတွင် ထောပတ်ထည့်ကာ အရည်ဖျော်ပါ။ ထောပတ်အရည်ပျော်သွားပါက ဝိုင်ဖြူနှင့် သံပုယိုရည်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီးနောက် ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၄။ ဆော့စ်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ စောစောက ငါးအသားလွှာပေါ်သို့ ဆမ်းထည့်ပေးလိုက်ပါ။ ထို့နောက် နံနံပင်လေး ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထောပတ် သံပုယိုရည် ငါးအသားလွှာလေး ရရှိသွားပါပြီ။

Source: Rasamalaysia.com