အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားကို ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိရှိ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ သံပုယိုအရသာနဲ့ ပေါင်းစပ်ထားတဲ့ ကြက်ကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (လေးထောင်အတုံး တုံးထားပါ)
  • ကြက်ဥ ၁ လုံး
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ထည့်ပြီးနောက် ကြက်ဥ ဖောက်ထည့်ပါ။ ပြောင်းမှုန့်၊ ပဲငံပြာရည်တို့ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေး တစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ပြောင်းမှုန့်၊ သကြားနှင့် သံပုယိုရည်တို့ကို သမအောင် မွှေထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများကို ပန်းကန်လုံးထဲမှ ဆယ်ယူကာ ဆီပူထဲ ထည့်ကြော်လိုက်ပါ။ ကြက်သားများ ရွှေညိုရောင် ပြောင်းသွားသည်အထိ ၅ မိနစ်ခန့် ကြော်ပေးလိုကပါ။

၄။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ကြက်ပြုတ်ရည်အရောအနှောများ လောင်းထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ အရည်များ ပျစ်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ကာ နှမ်းစေ့အနည်းငယ် ဖြူးထည့်လိုက်ပါ။ သံပုယိုသီးစိပ်လေးများဖြင့်လည်း လှလှပပ အလှဆင်လို့ရပါသေးတယ်။

Source: Spendwithpennies.com