ကိတ်မုန့်ချစ်သူတို့အတွက် လွယ်ကူရိုးရှင်းတဲ့ ကိတ်မုန့်ဖုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ မတ်ခွက်တစ်လုံးနဲ့ မိုက်ခရိုဝေ့ဖ်လေး ရှိရုံနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ သံပုယိုသီးကိတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • အယ်လ်မွန်ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • အုန်းသီးဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ဗနီလာ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုယိုခွံများကို ဓားဖြင့် မွှန်းထားသော သံပုယိုခွံအမှုန်အမွှားလေးများ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မိုက်ခရိုဝေ့ဖ်မီးအပူဒဏ် ခံနိုင်မယ့် မတ်ခွက်ထဲသို့ ထောပတ်၊ ကြက်ဥ၊ အယ်လ်မွန်ဂျုံမှုန့်၊ အုန်းသီးဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဗနီလာ၊ သံပုယိုရည်တို့ထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် ခရင်မ်အနှစ်များဖြစ်သွားအောင် မွှေပေးလိုက်ပါ။

၂။ ထို့နောက် သံပုယိုခွံအမှုန်အမွှားများ ၄ ပုံ ၃ ပုံခန့်ထည့်ကာ သမအောင် ရောမွှေပါ။ ကျန်ရှိတဲ့သံပုယိုခွံလေးများကိုတော့ အပေါ်မှ ဖြူးပေးလိုက်ပါ။

၃။ ထိုမတ်ခွက်လေးကို မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ ၁ မိနစ်နဲ့ စက္ကန့် ၄၀ ခန့် အပူပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ မိုက်ခရိုဝေ့ဖ်ထဲက ထုတ်ပြီး သွားကြားထိုးတံ ထည့်ကာစမ်းသပ်ကြည့်ပါ။

သွားကြားထိုးတံ ဆွဲထုတ်လိုက်တဲ့အချိန်မှာ မည်သည့်အမှုန်အမွှားနဲ့ အနှစ်များ ကပ်ပါမလာဘူးဆိုရင်တော့ သင့်ရဲ့ကိတ်မုန့်က ကျက်သွားပါပြီ။ တကယ်လို့ ကိတ်မုန့်နှစ်များ ကပ်ပါလာတယ်ဆိုရင်တော့ မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့်အနည်းငယ်ကြာ အပူပြန်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာလည်းရှိ ပြုလုပ်ရလည်း လွယ်ကူတဲ့ တစ်ယောက်စာ မတ်ခွက်ဖြင့် ပြုလုပ်ထားသော သံပုယိုကိတ်လေး ရရှိသွားပါပြီ။

Source: Kirbiecravings.com