အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ ပရိတ်သတ်တွေထဲမှာ ထမင်းစားပြီး အချိုပွဲတည်းတတ်သူများ ပါလားရှင့်။ ဒါမှမဟုတ် အိမ်မှာပဲ ကိုယ်တိုင်မုန့်လုပ်စားရတာကို ကြိုက်ကြလားရှင့်။

ပါတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချိုပွဲလုပ်နည်းလေးကို စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်နော်။ အီစိမ့်တဲ့ အစားအစာတွေကို မကြိုက်တဲ့သူများနဲ့ အထူးကိုက်ညီမယ့် လီမွန်ပူတင်းကိတ်လေးပဲဖြစ်ပါတယ်။

လုပ်နည်းလေးကို အခုပဲ ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ 

  • ထောပတ် (ဖျော်ပြီးသား) – စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား – ခွက် သုံးပုံတစ်ပုံ
  • လီမွန်အခွံခြစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ဥ (သပ်သပ်စီခွဲပြီးသား) – ၃ လုံး

  • ဂျုံမှုန့် – ခွက် လေးပုံတစ်ပုံ
  • နို့ – ၁ ခွက်
  • သံပုယိုရည် – ခွက် သုံးပုံတစ်ပုံ

ပြင်ဆင်ပုံအဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဖာရင်ဟိုက် (180C) မှာ အပူပေးထားပြီး ၈ လက်မထူတဲ့ လေးထောင့်ပုံ သို့မဟုတ် အဝိုင်းပုံရှိတဲ့ ကိတ်မုန့်ဗန်းလေးကို ခင်းထားလိုက်ပါ။

၂။ ပန်းကန်လုံးကြီးကြီးတစ်ခုထဲမှာ ထောပတ်နှင့် သကြား (ခွက် သုံးပုံတစ်ပုံ) တစ်ဝက်တို့ကို ရောမွှေ၍ ပျစ်အောင်လုပ်ပါ။

၃။ သံပုရာခွံခြစ်လေးတွေ၊ ကြက်ဥအနှစ်တို့ကိုထည့်ကာ နောက်ထပ်မွှေပါ။ တတိယအကြိမ်အနေနဲ့ ဂျုံမှုန့်နှင့် နို့တို့ကိုထည့်ပြီး ထပ်မွှေပါ။

၄။ နောက်ပန်းကန်လုံးတစ်ခုထဲမှာ ကြက်ဥအကာနှင့် ကျန်နေတဲ့ သကြား ခွက် သုံးပုံတစ်ပုံကိုထည့်ကာ စောနက ပန်းကန်လုံးရှိ အနှစ်ထဲကို ပေါင်းထည့်လိုက်ပါ။

၅။ ကြိုတင်ပြင်ဆင်ထားတဲ့ ကိတ်မုန့်ဗန်းထဲကို မုန့်နှစ်တွေ လောင်းထည့်ပြီး ရေပူ ၄ စင်တီမီတာလောက်ထည့်ထားတဲ့ ပန်းကန်ကျယ်ကျယ်တစ်ခုထဲမှာ စိမ်လိုက်ပြီး ရွှေရောင်သမ်းတဲ့အထိ ခန့်မှန်းခြေ ၂၅မိနစ် မိနစ်သုံးဆယ်လောက် ဖုတ်ပါ။

၆။ ရွှေရောင်လေးသမ်းလာပြီဆိုရင် အပြင်ထုတ်လိုက်ကာ အအေးခံပြီး သကြားမုန့်လေးတွေဖြူးပေးလိုက်ပါ။

အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

https://mediavine-res.cloudinary.com/video/upload/sp_mediavine_hd_h265/v1530621475/yywm385ifbek9dtgsyzi.m3u8

Featured Image Source: Once Upon a Chef