အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကြက်သားထမင်းကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော စပါးလင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးစိမ်း ၄ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သား ၆ အောင်စ (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၂ လုံး
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ

လူကြိုက်နည်းပေမယ့် အကျိုးများတဲ့ နံနံပင်

  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငါးငံပြာရည်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ တစ်မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သားထည့်ကာ ၂ မိနစ်ခန့် ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ကြက်သားများကို ဒယ်အိုးရဲ့တစ်ဖက်ခြမ်းဆီသို့ ရွှေ့ထားလိုက်ပါ။ ကြက်ဥများကို ဒယ်အိုးအလွတ်တစ်ဖက်ခြမ်းဆီသို့ ဖောက်ထည့်လိုက်ပါ။ ထို့နောက် ကြက်ဥများကို မွှေကြော်လိုက်ပါ။

၄။ ပြီးမှ ကြက်ဥနှင့် ကြက်သားများကို သမအောင် မွှေကြော်ပါ။

၅။ ထို့နောက် ထမင်းထည့်ပါ။ အဆင့် (၁) က မွှေထားသော ဆော့စ်မာျး လောင်းထည့်ကာ သမအောင် မွှေကြော်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက် လိုအပ်ပါက ပဲငံပြာရည် ထပ်ထည့်လိုက်ပါ။

နံနံပင်အုပ်ကာ သမအောင် မွှေကြော်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားထမင်းကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Seonkyounglongest.com