လိုအပ်တဲ့ ပစ္စည်း

၁။  ဖက်ထုတ် ရွက်  ( စီးဒီးမတ်  ဒါမှမဟုတ် သံဈေးတွေမှာ ဝယ်လို့ရပါတယ်၊)

၂။ ဂျူဆိုင် ( ကြေးအိုးတွေမှာ ထည့်သုံးတဲ့ အရွက်စိမ်းပါ။)

၃။ တောက်တောက်စင်းတဲ့ ဝက်သား ၊ ကြက်သား

၎။ ဝက်ရိုး ဟင်းရည်

၅။ ကြက်သွန်မြိတ်၊ နံနံပင်

၆။ ကြက်သွန်ဖြူ ဆီကျက်

၇။ ငရုပ်ကောင်း

၈။ ကြက်ဥ တလုံး

၉ ။ ကြက်သွန်မြိတ်။ နံနံပင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်ရိုး ကို ရေစင်အောင် ဆေးပြီး၊ မီးအေးအေးလေးနဲ့နူးနေအောင်ပြုတ်ပါ။

ဖက်ထုတ်ထဲထည့်မယ့် ပစ္စည်းများ ပြုလုပ်နည်း

၁။အသားကို တောက်တောက်စင်းပါ။

၂။ ဂျူဆိုင်ကို သေးသေးလေး လှီးဖြတ်ပါ။

၃။ တောက်တောက်စင်းထားတဲ့ အသားထဲကို ဂျူဆိုင် နဲ့ကြက်ဥ ထဲပါ။ ဆား အနည်းငယ် ထည့်ပြီး နယ်ပါ။

အဆင်သင့်ဖြစ်ပါက ဖက်ထုတ်ရွက်ထဲကို  ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ထည့်ပြီးထုတ်လိုက်ပါ။ ဖက်ထုတ်  ကို သေသပ်စွာ ထုတ်ပြီး ရေနွေးဖြင့် တကြိမ်းဆေးကြောလိုက်ပါ။

ရေနွေးဖြင့် မဆေးပါက ဂျုံ မှုန့်များ ကပ်ပါလာသဖြင့် ဟင်းရည်  ပြွတ်နေပါမယ်။

ရေနွေးနဲ့ ဆေးပြီးရင်တော့ ဝက်ရိုး အိုးထဲ ထည့်ကာ ဂျုံးနူးလာရင် ဆယ်ယူပြီး ပန်းကန်ထဲသို့ ထည့်ပြီး  ကြက်သွန်မြိတ်၊ နံနံပင် ၊ ငရုပ်ကောင်း နဲ့ကြက်သွန်ဖြူ ဆီချက် ထည့်ကာ စားသုံးနိုင်ပါပြီ

အစာပြေ ဖက်ထုတ် ပြုတ်လေး စားကြရအောင်