ပါဝင်ပစ္စည်းများ

  • ပဲပြား ၂တုံး
  • ကြက်ဥ တလုံး
  • ရှမ်းနံနံ အနည်းငယ်ငရုတ်သီး စိမ်း လိုအပ်သလို ထည့်
  • ကြက်သွန်နီ ၂ ဥ
  • ဆား

ချက်ပြုတ်နည်း

၁။ ကြက်သွန်နီ ကို ပါးပါးလှီး ပါ။

၂။ ရှမ်းနံနံ နဲ့ငရုပ်သီး စိမ်းကိုလည်း သေးသေးလေး ညှပ်ပြီး ထည့်ပါ။

၃။  ပဲပြား၊ ကြက်ဥ ထဲကို လှီးထားတဲ့ ကြက်သွန်နီ၊ ညှပ်ထားတဲ့ ရှမ်းနံနံ နဲ့ငရုပ်သီးတွေကို ရောလိုက်ပါ။

၎။ ဆား၊ အသားမှုန့် အနည်းငယ်ထည့်ပြီး နှံ့နေအောင် နယ်လိုက်ပါ။

၅။ နယ်ထားတဲ့ ပဲပြားတွေကို ငှက်ပျောဖတ်လေး ထဲထည့်ကာ ထုတ်ပြီး။ ပေါင်းအိုးထဲထည့်လိုက်ပါ။

မိနစ် ၂၀ ကြာလာရင်တော့ အနံ့ အရသာ ပြီးပြည့်စုံတဲ့ ပဲပြားပေါင်း ရပါပြီ ။

ပဲပြားပေါင်းလေး လုပ်စားကြရအောင်