ဒီအသုပ်လေးက ထိုင်းနည်းကို အခြေခံထားပြီး သုပ်ထားတာ ဖြစ်ပါတယ် ။ မြန်မာစတိုင်လ် သုပ်မယ်ဆိုရင် ဆီကျက်တွေ ပဲမှုန့် လိုပါမယ်။ အခုကျမ သုပ်ပြမယ့် နည်းလေးက ဆီမပါဘဲ အရသာရှိရှိ စားလို့ ရတဲ့အတွက် ဝိတ်ချခြင်တဲ့ သူတွေ ဆီရှောင် ချင်တဲ့သူတွေ အတွက်လည်း သင့်တော် ပါတယ်။ လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းပါတယ်နော်။
လိုအပ်သောပစ္စည်းများ
- မုန်လာဥနီ – ၂ ဥ
- ဆလပ်ရွက် – ၅ ရွက်
- ပုစွန်ခြောက် အနည်းငယ် – မြေပဲလှော်ပြီးသား အနည်းငယ်
- နှမ်းလှော် – အနည်းငယ်
- မန်ကျည်းမှည့် – အနည်းငယ်
- ကြက်သွန်ဖြူ – ၂မွှာ
- ငရုတ်သီးစိမ်း – ၅တောင့်
- သကြား လက်ဖက်ရည်ဇွန်း – ၁ ဇွန်း
- ယိုးဒယားငံပြာရည် – ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်နည်း
- ဆလပ်ရွက်များကို ရေဆေးပြီး ခပ်ထူထူလေး လှီးထားပါ။ မုန်လာဥနီများကို ရေဆေးအခွံခြစ်ပြီး အချောင်းရှည်များရအောင် ခြစ်ထားပါ။ ပုစွန်ခြောက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူများကို ညက်အောင်ထောင်းထားပါ။
- မန်ကျည်းမှည့်ကို ရေနွေးဖြင့် တစ်ခါဆေးချပြီး ရေနွေးပူပူဖြင့် ရောကာဖျော်ထားပါ။ မြေပဲလှော် ပြီးသားကို ကွဲရုံထောင်းထားပါ။ နှမ်းလှော်ပြီးသာကို ခပ်ကြမ်းကြမ်း ထောင်းထားပါ။
- ပန်းကန်လုံး ၁လုံးထဲကို ရေ မန်းကျည်းရည် ယိုးဒယားငံပြာရည် ၊ သကြား ၊ ပုစွန်ခြောက် ၊ ကြက်သွန်ဖြူ ထောင်းများကို မိမိစိတ်ကြိုက် အရသာ ရသည်အထိ ပြင်ဆင်ပြီး Sauce လုပ်ထားပါ။
- Sauce အရသာ အဆင်ပြေပြီဆိုတာနဲ့ ဇလုံခပ်ကြီးကြီး တစ်ခုထဲကို အပေါမှာပါတဲ့ အဆာပလာများ မုန်လာဥနီ ဆလပ်ရွက်များကို ထည့်ပြီး နှံ့အောင်နယ်ကာ စားသုံးလို့ ရပါပြီ ။
- ခရမ်းချဉ်သီး ခပ်မာမာလေးကို လေးစိတ်ခွဲထည့် ၊ စားရင်လည်း အရသာ ရှိပါတယ်။ ပဲသီးစိမ်း အရှည်တောင့်ကို ရေဆေးပြီး လက်၂ဆစ်ခန့် ပိုင်းဖြတ်ကာ ခပ်ကြမ်းကြမ်းထောင်း ထည့်ပြီး စားရင်လည်း စားလို့ကောင်းပါတယ်။
Credit: Warr Tee