ထမင်းစားပြီးတာနဲ့ အချိုတည်းလေ့ရှိသူများအတွက် ဒီတစ်ခါမှာတော့ ဘယ်ရီသစ်သီး Mousse အချိုပွဲ ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရက်စ်ဘယ်ရီသီး (သို့) စတော်ဘယ်ရီသီး ၈ အောင်စ
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥအကာ ၁ လုံး
  • Whipped ခရင်မ် အနည်းငယ် (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ လတ်ဆတ်သော သစ်သီးများကို သစ်သီးဖျော်စက်ထဲထည့်ကာ ၁ မိနစ်ခန့် မွှေဖျော်ပေးလိုက်ပါ။ ထို့နောက် သကြားထည့်ကာ စက္ကန့် ၃၀ ခန့် ထပ်မွှေဖျော်ပေးလိုက်ပါ။

၂။ ထို့နောက် ကြက်ဥအကာ ထည့်ကာ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်မွှေဖျော်ပေးပါ။

၃။ သစ်သီးဖျော်စက်နံရံတွေမှာ အနှစ်များ ပေကျံနေပါက ဇွန်းအပြားဖြင့် ခြစ်ချပေးလိုက်ပါ။

ထို့နောက် ဖန်ခွက်ထဲ ပြောင်းထည့်ကာ သစ်သီးများဖြင့် အလှဆင်လိုက်ပါ။

Whipped ခရင်မ် အသုံးပြုပါက အရင်ဦးဆုံး ဖန်ခွက်ထဲသို့ သစ်သီးအနှစ်တစ်ဝက်ထည့်ပါ။ Whipped ခရင်မ်ထည့်ပြီးနောက် သစ်သီးအနှစ် ထပ်ထည့်ပါ။ တစ်ဖန် Whipped ခရင်မ်ထည့်ပြီး သစ်သီးများဖြင့် အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဘယ်ရီ Mousse အချိုပွဲလေး ရရှိသွားပါပြီ။

Source:  Seriouseats.com