(Unicode)

MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတို့ရေ… မင်္ဂလာပါ။ အသားလုံးကြော်၊ အထူးသဖြင့် ဝက်သားလုံးကြော် အစားအစာကို နှစ်သက်ကြရဲ့လား။ နှစ်သက်တယ်ဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ ဝက်သားလုံးကြော် ကြော်နည်းကို အတူတူလေ့လာကြည့်လိုက်ရအောင်။

တရုတ်နှစ်ကူးလည်း နီးလာပြီဆိုတော့ တရုတ်စတိုင်လ် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Freepik.com

  • ဝက်သား ၁ ပေါင်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Source: Themorningbulletin.com.au

  • ကြက်ဥ ၂ လုံး (ခပ်ပြင်းပြင်း မွှေခလောက်ထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆလပ်ရွက်အနည်းငယ် (ကြော်ပြီးပါက အလှဆင်ရန်)
  • ဆီ ၁ လီတာ

အချဉ်ရည်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်
  • ရေနွေး (သို့) ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
  • နာနတ်ပွင့် ၂ ပွင့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပထမအဆင့်အနေနဲ့ ဝက်သားကို နုပ်နုပ်စဉ်းထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲထည့်ပြီးနောက် ဆား၊ ပြောင်းမှုန့် ကြက်သွန်မြိတ်တို့နဲ့ သမအောင် နယ်လိုက်ပါ။ ကြက်ဥများ ဖောက်ထည့်ပြီး သမအောင် ထပ်နယ်ပေးရပါမယ်။ ထို့နောက် ၁၅ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။

ပြီးရင်တော့ အသားများကို စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာလောက် ခပ်ယူပြီးနောက် အသားလုံးဖြစ်သွားအောင် လက်ဖဝါးလေးဖြင့် အသာအယာလုံးပေးလိုက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ အချဉ်ဖော်စပ်ပေးရပါမယ်။ ပန်းကန်လုံးအသစ်တစ်လုံးထဲတွင် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း၊ သကြား စားပွဲတင်ဇွန်း တစ်ဝက်၊ ရေ (သို့) ဝက်သားပြုတ်ရည် ၂၅၀ မီလီလီတာနှင့် နာနတ်ပွင့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ ၁ လီတာခန့် ထည့်ထားလိုက်ပါ။ ဆီပူလာပါက ဝက်သားလုံးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဝက်သားလုံးများ ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်လုံးထဲ ဆယ်ထည့်ထားလိုက်ပါ။

၄။ ထို့နောက် အခြားဒယ်အိုးတစ်လုံးကို အပူပေးလိုက်ပါ။ ဒယ်အိုးပူလာပါက ဝက်သားလုံးကြော်များ ထည့်လိုက်ပါ။ ထို့နောက် အဆင့် (၂) က ရောမွှေထားသော အချဉ်ရည်များကို ဒယ်အိုးထဲ လောင်းထည့်ကာ မိနစ် ၂၀ ခန့် တည်ထားရပါမယ်။ ဟင်းရည်ပွက်ပွက်ဆူပြီး အရည်ပျစ်သွားပါက ဝက်သားလုံးများကို ဒယ်အိုးထဲက ဆယ်ယူပြီး ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

၅။ စားခါနီးကျမှ ပန်းကန်ပြားအသေးတစ်လုံးပေါ်တွင် ဆလပ်ရွက် ခံထားပြီးနောက် ဝက်သားလုံးကြော် အနည်းငယ်ထည့်ကာ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com

(Zawgyi)

MyFood Myanmar ရဲ႕ အစားအေသာက္ခ်စ္သူတို႔ေရ… မဂၤလာပါ။ အသားလံုးေၾကာ္၊ အထူးသျဖင့္ ဝက္သားလံုးေၾကာ္ အစားအစာကို ႏွစ္သက္ၾကရဲ႕လား။ ႏွစ္သက္တယ္ဆိုရင္ေတာ့ လြယ္ကူရိုးရွင္းတဲ့ ဝက္သားလံုးေၾကာ္ ေၾကာ္နည္းကို အတူတူေလ့လာၾကည့္လိုက္ရေအာင္။

တရုတ္ႏွစ္ကူးလည္း နီးလာၿပီဆိုေတာ့ တရုတ္စတိုင္လ္ ေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

Source: Freepik.com

  • ဝက္သား ၁ ေပါင္
  • ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း
  • ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ႏုပ္ႏုပ္စဥ္းထားေသာ ဂ်င္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း
  • ႏုပ္ႏုပ္စဥ္းထားေသာ ၾကက္သြန္ၿမိတ္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

Source: Themorningbulletin.com.au

  • ၾကက္ဥ ၂ လံုး (ခပ္ျပင္းျပင္း ေမႊခေလာက္ထားပါ)
  • ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ဆလပ္ရြက္အနည္းငယ္ (ေၾကာ္ၿပီးပါက အလွဆင္ရန္)
  • ဆီ ၁ လီတာ

အခ်ဥ္ရည္ျပဳလုပ္ရန္ လိိုအပ္ေသာပါဝင္ပစၥည္းမ်ား

  • ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ ပဲငံျပာရည္အေနာက္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
  • သၾကား စားပြဲတင္ဇြန္း တစ္ဝက္
  • ေရေႏြး (သို႔) ၾကက္ျပဳတ္ရည္ ၂၅၀ မီလီလီတာ
  • နာနတ္ပြင့္ ၂ ပြင့္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ပထမအဆင့္အေနနဲ႔ ဝက္သားကို ႏုပ္ႏုပ္စဥ္းထားလိုက္ပါ။ ထို႔ေနာက္ ပန္းကန္လံုးတစ္လံုးထဲထည့္ၿပီးေနာက္ ဆား၊ ေျပာင္းမႈန္႔ ၾကက္သြန္ၿမိတ္တို႔နဲ႔ သမေအာင္ နယ္လိုက္ပါ။ ၾကက္ဥမ်ား ေဖာက္ထည့္ၿပီး သမေအာင္ ထပ္နယ္ေပးရပါမယ္။ ထို႔ေနာက္ ၁၅ မိနစ္ခန္႔ စိမ္ထားေပးလိုက္ပါ။

ၿပီးရင္ေတာ့ အသားမ်ားကို စားပြဲတင္ဇြန္း တစ္ဇြန္းခြဲစာေလာက္ ခပ္ယူၿပီးေနာက္ အသားလံုးျဖစ္သြားေအာင္ လက္ဖဝါးေလးျဖင့္ အသာအယာလံုးေပးလိုက္ပါ။

၂။ ေနာက္တစ္ဆင့္အေနနဲ႔ အခ်ဥ္ေဖာ္စပ္ေပးရပါမယ္။ ပန္းကန္လံုးအသစ္တစ္လံုးထဲတြင္ ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္အေနာက္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ႏွမ္းဆီ စားပြဲတင္ဇြန္း တစ္ဇြန္း၊ သၾကား စားပြဲတင္ဇြန္း တစ္ဝက္၊ ေရ (သို႔) ဝက္သားျပဳတ္ရည္ ၂၅၀ မီလီလီတာႏွင့္ နာနတ္ပြင့္တို႔ကို သမေအာင္ ေရာေမႊထားလိုက္ပါ။

၃။ ဒယ္အိုးကို အပူေပးၿပီး ဆီ ၁ လီတာခန္႔ ထည့္ထားလိုက္ပါ။ ဆီပူလာပါက ဝက္သားလံုးမ်ားထည့္ကာ ၂ မိနစ္၊ ၃ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ဝက္သားလံုးမ်ား ေရႊညိဳေရာင္ ေျပာင္းသြားၿပီဆိုရင္ေတာ့ ပန္းကန္လံုးထဲ ဆယ္ထည့္ထားလိုက္ပါ။

၄။ ထို႔ေနာက္ အျခားဒယ္အိုးတစ္လံုးကို အပူေပးလိုက္ပါ။ ဒယ္အိုးပူလာပါက ဝက္သားလံုးေၾကာ္မ်ား ထည့္လိုက္ပါ။ ထို႔ေနာက္ အဆင့္ (၂) က ေရာေမႊထားေသာ အခ်ဥ္ရည္မ်ားကို ဒယ္အိုးထဲ ေလာင္းထည့္ကာ မိနစ္ ၂၀ ခန္႔ တည္ထားရပါမယ္။ ဟင္းရည္ပြက္ပြက္ဆူၿပီး အရည္ပ်စ္သြားပါက ဝက္သားလံုးမ်ားကို ဒယ္အိုးထဲက ဆယ္ယူၿပီး ပန္းကန္ျပားထဲ ေျပာင္းထည့္လိုက္ပါ။

၅။ စားခါနီးက်မွ ပန္းကန္ျပားအေသးတစ္လံုးေပၚတြင္ ဆလပ္ရြက္ ခံထားၿပီးေနာက္ ဝက္သားလံုးေၾကာ္ အနည္းငယ္ထည့္ကာ မိမိႏွစ္သက္ရာ အခ်ဥ္ရည္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိ စားသံုးႏိုင္ပါၿပီ။

Source: Chinasichuanfood.com