အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော်၊ အာလူးချောင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာလည်း လျှာလည်သွားစေမယ့် ချိစ် အာလူးကပ်သလိပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးထောင်း ပန်းကန်လုံး ၄ လုံးစာ
  • ကြက်သွန်မြိတ် ပန်းကန်လုံး တစ်ဝက်စာ (ပါးပါးလှီးထားပါ)
  • ဝက်ပေါင်ခြောက်ကြော် ပန်းကန်လုံး ၄ ပုံ ၃ ပုံစာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ကြက်ဥ ၂ လုံး
  • Cheddar ချိစ် ၁ တုံး (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ဂျုံမှုန့် ၁၂၅ ဂရမ်
  • ပေါင်မုန့်အကြေအစများ ပန်းကန်လုံး ၁ လုံးစာ
  • ကြော်ရန်ဆီ

ပြုုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Cheddar ချိစ်ကို လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ။

၂။ အာလူးထောင်းကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်၊ ဝက်ပေါင်ခြောက်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ ၁ လုံး တို့ဖောက်ထည့်ကာ သမအောင် နယ်လိုက်ပါ။

၃။ ထို့နောက် နယ်ထားသော အစာသွပ်ကို အာလူး အလုံးသေးသေးလေး လုံးလိုက်ပါ။ ထို့နောက် ပြားသွားအောင် ဖိလိုက်ပါ။ ချိစ်ခဲလေးကို အလယ်တည့်တည့်တွင် ထည့်ကာ ထပ်လုံးပေးလိုက်ပါ။

နယ်ထားသော အာလူးအစာများ ကုန်သွားသည်အထိ လုံးပေးလိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးတွင် ဂျုံမှုန့် ထည့်ပါ။ ဒုတိယပန်းကန်တွင် ကြက်ဥများကို မွှေခလောက်ထားပါ။ တတိယပန်းကန်တွင်တော့ ပေါင်မုန့်အကြေအစများ ထည့်ထားလိုက်ပါ။

စောစောက လုံးထားသော အာလူးလုံးများကို ဂျုံမှုန့်ဖြင့် ကပ်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ပေါင်မုန့်ဖြင့် ကပ်ပေးလိုက်ပါ။ တစ်ဖန် ကြက်ဥထဲ ထည့်နှစ်ပါ။ ပေါင်မုန့်ဖြင့် ထပ်ကပ်ပေးလိုက်ပါ။

အာလူးလုံးများ ကုန်သွားသည်အထိ ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် လင်ဗန်းပေါ် တင်ထားကာ ရေခဲသေတ္တာထဲ အအေးခံထားလိုကပါ။

၅။ မိနစ် ၃၀၊ တစ်နာရီခန့် အအေးခံပြီးသွားပါက ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးလုံးများထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် အာလူးကပ်သလိပ်လေး ရရှိသွားပါပြီ။

Source: Tasty.co