အားလုံးပဲ မင်္ဂလာပါ။ အာလူးကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ချိစ်အရသာကဲထားတဲ့ အာလူးမီးဖုတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်နည်းကလည်း လွယ်ကူတာကြောင့် အလုပ်ရှုပ်မခံချင်သူတွေအတွက် အသင့်တော်ဆုံး ဟင်းလျာတစ်မျိုးဖြစ်သလို၊ အာဟာရဓာတ်ပြည့်ဝတဲ့ သရေစာမုန့်ဆိုလည်း မမှားပါဘူး။

ပါဝင်ပစ္စည်းများ

  • ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်များရောထားသည့် ဟင်းချက်စပရေးဗူး
  • ပြုတ်ထားသောအာလူး ၃၂ အောင်စ (ပြုတ်ထားပြီးနောက် အာလူးချောင်းဖြစ်အောင် ပြုလုပ်ထားပါ)
  • ခရင်မ် ၁၆ အောင်စ
  • ကြော်ထားသော ဝက်ဆားနယ်ခြောက် ၈ ပြား (ကြော်ပြီးနောက် ပါးပါးလှီးထားပါ)
  • အချောင်းချောင်းဖြစ်အောင် လှီးထားသော ဒိန်ခဲအဝါ ပန်းကန်လုံး ၂ ခွက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

  • Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားပါ။

  • ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ အာလူးချောင်းများထည့်လိုက်ပါ။

  • ခရင်မ် ထပ်ထည့်ပါ။

  • ဝက်ဆားနယ်ခြောက်များ ထည့်ပါ။

  • ဒိန်ခဲချောင်းများ ထပ်ထည့်ပါ။

  • ထို့နောက် သမအောင် ဇွန်းတစ်ချောင်းနဲ့ သမအောင် ရောမွှေလိုက်ပါ။

  • ပြီးတဲ့အခါ မီးဖုတ်မယ့် လင်ဗန်းပြားပေါ်ကို အရင်ဆုံး ဟင်းချက်စပရေးနဲ့ ဖြန်းပေးလိုက်ပါ။ ပန်းကန်လုံးထဲမှ အာလူးနယ်များကို လင်ဗန်းထဲသို့ ပြောင်းထည့်ပြီး မျက်နှာပြင်ညီအောင် ဇွန်းနဲ့ ညှိလိုက်ပါ။

  • ထို့နောက် လင်ဗန်းကို ခဲဖတ်လေးနဲ့ ပိတ်ထားပြီး Oven ထဲမှာ ၄၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

  • ၄၅ မိနစ်ပြည့်တဲ့အခါ မီးဖိုထဲက ထုတ်ပြီး ခဲဖတ်ခွာလိုက်ကာ ဒိန်ခဲအဝါများ ထပ်ဖြူးပေးလိုက်ပါ။

  • ခဲဖတ်မဖုံးဘဲနဲ့ မီးဖိုထဲမှာ နောက်ထပ် ၁၅ မိနစ်ခန့်ပြန်ထည့်ထားပါ။

  • နောက်ဆုံးမှာတော့ အရသာဆိမ့်သက်လေးနဲ့ စားလို့ကောင်းတဲ့ ချိစ်အရသာ အာလူးမီးဖုတ်ကို သုံးဆောင်နိုင်ပါပြီ။

Photo Source: www.allrecipes.com