အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ အရံဟင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပဲနပြားသုပ်တဲ့။ ကြားဖူးကြရဲ့လား။ နာမည်သာမက အရသာလေးကလည်း ထူးထူးဆန်းဆန်းလေးနဲ့စားလို့မြိန်မှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

  • ပဲနပြား
  • မြေပဲဆံထောင်း
  • ကြက်သွန်ဖြူဆီချက်
  • သံပရာသီး
  • ပုဇွန်ထမ်းငံပြာရည်
  • သကြား အနည်းငယ်
  • ကြက်သွန်မြိတ်
  • ဆီချက်

ပြုလုပ်နည်း

  1. ပဲနပြားလေးပြုတ်ပါ။
  2. မြေပဲဆံထောင်း၊ ကြက်သွန်ဖြူဆီချက်၊ သံပရာသီး၊ ပုဇွန်ထမ်းငံပြာရည်၊ သကြား အနည်းငယ် ထည့်သုပ်ပါတယ်၊
  3. ကြက်သွန်မြိတ်နဲ့ ဆီချက် ဖတ်လေး ဖြူးပြီး သုံးဆောင် နိုင်ပါတယ်။

Credit: Ma Paung