အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဟင်းရည်ပူပူလေးနဲ့ စားလို့ကောင်းတဲ့ ကြာစွယ် ဝက်နံရိုးစွပ်ပြုတ် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ဝက်နံရိုး
- ကြာစွယ်
- ရေညှိ (ထည့်ချင်မှထည့်ပါ)
- ဂျင်း ၄ ပြား
- ရေအေး ၁၂ ခွက်
- ဆား
- ကြက်သွန်မြိတ်
ပြုလုပ်နည်း
အရင်ဆုံး ဝက်သားကို ရေအေးနဲ့ ၁ နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ရေဆစ်လိုက်ပါ။ အိုးထဲမှာ ရေထည့် အပူပေးလိုက်ပြီး ဝက်သားကိုရင် ပြုတ်လိုက်ပါ။
ရေဆူလာပြီရင်တော့ ၁ မိနစ်လောက်ထားလိုက်ပြီး ရေဆစ်ကာ အရိုးကို ရေသေချာဆေးလိုက်ပါ။
ရေညှိထည့်မယ်ဆိုရင်တော့ ရေညှိကို ရေဆေးပါ။ ရေညှိအခြောက်ဆိုရင်တော့ ရေနဲ့ ၃ နာီ၇လောက် စိမ်ထားလိုက်ပါ။
ကြာစွယ်ကို အခွံနွှာ လှီးပေးလိုက်ပါ။ အဲဒီနောက် အိုးထဲမှာ ရေနွေးဆူအောင်တည်လိုက်ပြီး ဝက်နံရိုး၊ ကြာစွယ်၊ ရေညှိ၊ ဂျင်း၊ ထည့်ပြီး ဆူအောင်ထားပါ။ ၄ နာရီလောက် အုပ်ထားပါ။ ရေခမ်းပြီလားဆိုတာကို ခဏခဏထည့်ပေးပါ။ ခမ်းရင် ထပ်ထည့်ပါမယ်နော်။
ပြီးရင်ဆော့ ဆားထည့်လိုက်ပါ။ ကြက်သွန်မြိတ် ပါးပါးလှီးထည့်လိုက်ပြီး သုံးဆောင်လို့ရပါပြီ။
Source: www.thewoksoflife.com
By: MyFood Myanmar