ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့ ဟမ်ဘာဂါလေးကို စားသုံးချင်တယ်ဆိုတဲ့ Foodies လေးတွေအတွက် မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ လုပ်စားနိုင်မယ့် အဆီအဆိမ့်ပါဝင်မှုနည်းတဲ့ အိမ်လုပ်ပေါင်မုန့်ဘာဂါ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • အယ်လ်မွန် ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • အုန်းသီးဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • နှမ်းဖြူ လက်ဖက်ရည်ဇွန်းတစ်ဝက် (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ထောပတ်၊ ကြက်ဥ၊ နွားနို့၊ အယ်လ်မွန်ဂျုံမှုန့်၊ အုန်းသီးဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါတို့ကို သမအောင် မွှေခလောက်လိုက်ပါ။

၂။ ကိတ်မုန့်အသေးဖုတ်သည့် ခွက်ငယ်လေးကို ဆီဖြင့် သုတ်လိမ်းပြီးနောက် စောစောကမွှေခလောက်ထားသော မုန့်နှစ်များကို ခွက်ငယ်ထဲသို့ လောင်းထည့်လိုက်ပါ။ နှမ်းစေ့ဖြူများကို အပေါ်မှ ဖြူးထည့်လိုက်ပါ။

၃။ ထို့နောက် Oven ထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ခွက်နံရံမှာ ကပ်နေတဲ့ ပေါင်မုန့်အနားသားများကို ဇွန်းအပြားဖြင့် အသာအယာခွာလိုက်ပါ။

ရရှိလာတဲ့ပေါင်မုန့်ကို ပန်းကန်ပြားထဲ ထုတ်ပြီးနောက် အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။

ထို့နောက် သခွားသီး၊ ခရမ်းချဉ်သီး၊ အသားပြားကြော်၊ ကြက်ဥ Half-Fried စတဲ့ မိမိကြိုက်နှစ်သက်ရာအစားအစာများ ညှပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး အဆီအဆိမ့်နည်းတဲ့ အိမ်လုပ်ပေါင်မုန့်ဘာဂါလေး ရရှိသွားပါပြီ။

Source: Kirbiecravings.com