ဝက်သား ကြွပ်ကြွပ်လေး စားသုံးချင်သူများအတွက် သံပုရာသီး၊ ငါးငံပြာရည်တို့နဲ့ သေသေချာချာလေးနှပ်ထားတဲ့ ဝက်သားအကြွပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင်
  • သံပုရာသီး ၁ လုံး
  • အယ်လ်မွန်ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၂ လုံး

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားများကို ခပ်ပါးပါးလှီးဖြတ်ထားပြီးနောက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အစီအရီထားထားလိုက်ပါ။

၂။ ထို့နောက် ဝက်သားပေါ်သို့ ငရုတ်ကောင်းမှုန့် ဖြူးပါ။ သံပုရာရည် ညှစ်ထည့်ပါ။ ငါးငံပြာရည်ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ဝက်သားထဲ စိမ့်ဝင်သွားဖို့ရန်အတွက် ၁၀ မိနစ်ခန့် နျပ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၄။ ကြက်ဥများကို မွှေခလောက်ထားပါ။ အခြားပန်းကန်လုံးထဲတွင်တော့ အယ်လ်မွန်ဂျုံမှုန့်ကို အသင့်ပြင်ထားပါ။

၅။ နှပ်ထားပြီးသား ဝက်သားတုံးများကို အယ်လ်မွန်ဂျုံမှုန့် ထဲ နှစ်လိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်ပါ။ တစ်ဖန် ဂျုံမှုန့်ထဲသို့ ဒုတိယအကြိမ် ထပ်နှစ်ပါ။

ထို့နောက် ထိုဝက်သားတုံးကို ဆီပူထဲထည့်ကာ ရွှေညိုရောင်ပြောင်းလာသည်အထိ တည်ထားလိုက်ပါ။ ၄ မိနစ်မှ ၆ မိနစ်ခန့် ကြာတတ်ပါတယ်။

၆။ ကျန်ရှိနေတဲ့ ဝက်သားတုံးများကို အထက်ဖော်ပြပါနည်းအတိုင်း ဆက်ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားအကြွပ်ကြော်များ ရရှိသွားပါပြီ။

Source: Panlasangpinoy.com