ပေါင်မုန့်ယိုသုတ် စားတဲ့အခါ အလိုက်ဖက်ဆုံးယိုကတော့ စတော်ဘယ်ရီသီးယိုပဲဖြစ်ပါတယ်။ စတော်ဘယ်ရီယိုကဆိုရင် မချိုမချဉ်လေးနဲ့ စားလို့ကောင်းပြီး ကြာရှည်အစားခံတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

MyFood Myanmar ရဲ့ အစားအသောက်ချစ်သူအနေနဲ့ အဆင်သင့်စားရတဲ့ အသင့်စားယိုကို အသုံးမပြုချင်ဘူးဆိုရင်တော့ မိမိအိမ်မှာ သဘာဝအစားအစာတွေနဲ့သာ အသုံးပြုထားတဲ့ စတော်ဘယ်ရီယိုလေး လုပ်စားနိုင်သေးတယ်နော်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး ၂ ပေါင်
  • ကယ်လ်စီယမ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ ၄ အောင်စ
  • Citrus Pectin ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ထိုအမှုန့်က သစ်သီးယိုကို ခဲစေတဲ့ ဂုဏ်သတ္တိရှိပါတယ်)
  • သကြား ၂၂၅ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးများကို အိုးအကြီးတစ်လုံးထဲ ထည့်ပြီးနောက် အနှစ်များရအောင် ချေပစ်လိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကယ်လ်စီယမ်အမှုန့်နှင့် ရေတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ထို့နောက် စတော်ဘယ်ရီအိုးထဲသို့ ကယ်လ်စီယမ်အရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၄။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် Pectin ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သကြားနှင့် သမအောင် ရောမွှေထားလိုက်ပါ။

၅။ ကယ်လ်စီယမ်အရည်ရောထားသော စတော်ဘယ်ရီအိုးကို မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ထို့နောက် စောစောက Pectin ပေါင်ဒါနှင့် သကြားအရောအနှောတို့ကို အိုးထဲလောင်းထည့်ပြီးနောက် အဆက်မပြတ်မွှေပေးလိုက်ပါ။

၆။ စတော်ဘယ်ရီအရည်များ ပွက်ပွက်ဆူလာပါက မီးပိတ်လိုက်လို့ရပါပြီ။

၇။ ရရှိလာတဲ့ စတော်ဘယ်ရီယိုကို အအေးခံပြီးနောက်မှာ သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းထဲထည့်ကာ သိမ်းဆည်းထားလိုက်ပါ။

ဒါဆိုရင်တော့ ကြာရှည်ခံပြီး သဘာဝဆိုးဆေးတွေ လုံးဝမပါဝင်တဲ့ စတော်ဘယ်ရိယိုလေး ရရှိသွားပါပြီ။

Source: Thespruceeats.com