ပါဝင်ပစ္စည်းများ
- ကြက်ရိုး
- ခဝဲသီး
- ဟင်းရွက်စုံ
- ပုဇွန် ငပိ (အရည် ဖျော်ထားပါ )
- ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း ၅ တောင့် (တပြား ရိုက်ထားပါ)
- ပင်စိမ်းရွက် အနည်းငယ်
- ဆီ အနည်းငယ်
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်
- မကျည်းနှစ် အနည်းငယ်
ပြုလုပ်နည်း
- အိုးထဲတွင် ကြက်ရိုး ၊ ပုဇွန် ငပိ ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ဆား ၊ အချိုမှုန့် ၊ ဆီနဲနဲ ကို ထည့်ရျ် လုံးတည်ပါ ။
- ပြီးလျင် ရေ ထည့်ရျ် မီးအေးအေး ဖြင့် ဆူပွက်သည် အထိ တည်ပါ ။
- ရေဆူလာလျင် ခဝဲသီး နှင့် ဟင်းရွက်စုံကို ခပ်ပါ ။
- ပြီးလျင် မကျည်းနှစ် အနည်းငယ် ထည့်ရျ် ဟင်းရွက်နူးလျင် မီးဖိုပေါ်မှ ချရျ် ရပါပြီ ။
- အရသာ အပေါ့အငံမြည်းရျ် ပင်စိမ်းရွက် ခပ်ပြီး သုံးဆောင်နိုင်ပါပြီ ။
MyFood Myanmar