ဆိတ်ဦးနှောက်ကလေးတွေက အလွန်နူးညံ့ပါတယ်။ ဦးနှောက်က အကျက်အလွန်မြန်ပါတယ်။ ၅မိနစ် လောက်ဆိုရင် ကျက်ပါတယ်။ သို့သော် အတွင်းသား ပန်းရောင်ပျောက်ပြီး အဖြူဖြစ်နေမှသာ အန္တရာယ်ကင်းကင်း ကျက်ပါတယ်။ ရိုးရိုးလေးနဲ့လွယ်လွယ်ကူကူအရသာ ရှိအောင် ချက်လို့ရပါတယ်။ ခပ်စပ်စပ်လေးများ ချက်နိုင်မယ်ဆိုရင် ထမင်းပူပူနဲ့ အလွန်စားကောင်းပါတယ်။ လူအများစားဖို့ အိုးကြီးချက်ဆိုရင်တော့ အစပ်ကိုပုံမှန်လောက်ထားတာ အကောင်းဆုံးပါ။ အရသာရှိရှိအများစားရဖို့ ချက်ကြည့်ရအောင်

ပါဝင်ပစ္စည်းများ

  • ဆိတ်ဦးနှောက် – အလုံး ၂၀ ခန့်
  • ကြက်သွန်နီ – ၃လုံး (အလုံးကြီး)
  • ကြက်သွန်ဖြူ – ၂လုံး
  • ပျဉ်းတော်သိမ် – လက်တဆုပ်ခန့်
  • ငရုတ်ကောင်း – ၃ဇွန်း (စားပွဲတင်)
  • ငရုတ်သီးမှုန့် – ၂ဇွန်း
  • နနွင်းမှုန့် – ၃ဇွန်း (စားပွဲတင်)
  • ဂျင်းထောင်းပြီးသား – ၃ဇွန်း ( စားပွဲတင်)
  • ဆား – (နှစ်သက်သလောက်)
  • အသားမှုန့် – ၃ဇွန်း (စားပွဲတင်)
  • မဆလာ – ၂ဇွန်း ( စားပွဲတင်)

ပြင်ဆင်ပြုလုပ်နည်း

  1. ဆိတ်ဦးနှောက်များကို သန့်စင်ထားပြီး ဆား ၊ အသားမှုန့် ၁ဇွန်း ၊ ဂျင်း ၁ဇွန်း ၊ နနွင်း ၁ဇွန်း ၊ ငရုတ်ကောင်း ၁ဇွန်း တို့ဖြင့် ခပ်ဖွဖွနယ်ထားပါ ။ ချက်မဲ့ဒန်အိုးထဲ စီပြီးထည့်ထားပါ။
  2. နယ်ထားပြီးရင် ကြက်သွန်များကို ငရုတ်သီးခွဲကြမ်းနဲ့ ညက်နေအောင်ရောထောင်းပါ။
  3. ဒယ်အိုးထဲ ဆီထည့်ပြီး ထောင်းထားသော ကြက်သွန်များကို ဆီသတ်ပါ ။ ကျန်နေသေးတဲ့ နနွင်း ၊ ဂျင်း ၊ ပျဉ်းတော်သိမ်တို့ကို ထည့်ရောပြီး ကျွတ်လာပါစေ ။ ( တချို့က ခရမ်းချဉ်သီး ထည့်ကြပါတယ် ။ အညှီနံ့ကိုေကြောက်လို့ ၊ တကယ်က ဆီသတ်တဲ့အချိန် စိတ်ရှည်ရှည်နဲ့ မွှေးနေအောင် သတ်ရင်လဲ အနံ့မညှီပါဘူး။)
  4. အဲဒီလိုကျွတ်လာပြီဆိုရင် ဆိတ်ဦးနှောက်လေးတွေစီထားတဲ့ အိုးထဲကို လောင်းထည့်ပြီး ဖိုပေါ်တင်အပူပေးကာ ရေ ၁ပိုင့်ခွဲခန့်ထည့်ပြီး အိုးလေးကိုလှုပ်ပေးပါ ။ ဆား ၊ အသားမှုန့်ထည့် အဖုံးအုပ်ပေးပြီး ခနနေလို့ ဆီပြန်လာရင် အရသာမြည်းကာ ကိုယ်စိတ်ကြိုက်အနေဖြစ်ပြီ ဆိုရင် မဆလာလေးဖြူးပြီး ထမင်းပူပူနဲ့အရသာရှိရှိသုံးဆောင်နိုင်ပါပြီရှင်။

Credit: Danuphyu Daw Saw Yee