ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ်နော်။ ကလေးတွေ နေ့လည်စာအတွက် ဘယ်လိုပြင်ဆင်ပြီး ထုပ်ပိုးပေးမလဲလို့စဉ်းစားထားပါသလဲ။

ကလေးတွေရဲ့ စားချင်စိတ်ကို ဖမ်းစားနိုင်ပြီး နေ့လည်စာကို မြိန်ရေယှက်ရေ စားသုံးနိုင်ဖို့ အဟာရပြည့်ဝတဲ့ အစားအစာကိုနေ့လည်စာအဖြစ် ထည့်ပေးဖို့ အကြံပြုလိုပါတယ်။

ကျောင်းတွေမှာ ရောင်းတဲ့ လမ်းဘေးမုန့်တွေ လျှောက်မစားမိစေဖို့ မိခင်တို့ထုပ်ပိုးပေးလိုက်တဲ့ နေ့လည်စာမှာ စွဲဆောင်မှုအပြည့်ရှိဖို့လိုပါတယ်နော်။ ကျောင်းနေပျော်ပြီး အားအင်ပြည့်ဝတဲ့ နေ့လည်စာလေးကို ပြင်ဆင်ထုပ်ပိုးပေးရအောင်နော်။

DSC08327

ငါး

ငါးမှာ ကလေးတွေဥာဏ်ရည်ဖွံ့ဖြိုးဖို့နဲ့ ခွန်အားရှိစေဖို့လိုအပ်တဲ့ ပရိုတင်း ဗီတာမင် D, Omega-3 စတဲ့ဓါတ်တွေပါဝင်ပါတယ်။ Omega 3 ဟာဆိုရင် ကလေးတွေရဲ့ ဥာဏ်ရည်နဲ့ ခန္တာကိုယ်ဖွံ့ဖြိုးဖို့အတွက် မပါမဖြစ်အစားအစာတစ်ခုပါ။

ငါးအတုံးအနေတော်ကို ဆားနဲ့နယ်ပြီး ဆီနည်းနည်းနဲ့ ကြော်ပေးပါ။

DSC08395

ထမင်း

ထမင်းမှာဆိုရင် ကလေးတွေရဲ့ စွမ်းအင်ကိုပြည့်ဝစေတဲ့ အဟာရဓါတ်တွေပါဝင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။

DSC08418

ထမင်းကို ပုံစံခွက်နဲ့ ထည့်ပေးပါ။

DSC08420

အသီးအရွက်ကြော်

ကြက်သွန်ကိုပါးပါးလှီးဆီသတ်ပြီး ကြော်လေးကိုထည့်ပေးဖို့ ရွေးချယ်ထားပါတယ်။

မိမိကြိုက်နှစ်သက်တဲ့ အသီးအရွက်ကြော်ကို ထည့်ပေးလို့ရပါတယ်။ ဆီနည်းနည်းနဲ့ ပဲကြော်ပြီးထည့်ပေးလို့လည်း ရပါတယ်။

DSC08414

သစ်သီး

အိမ်မှာရှိတဲ့ သစ်သီးတစ်မျိုးမျိုးထည့်ပေးနိုင်ပါတယ်။ သစ်သီးတွေမှာ အဆီဓါတ်အနည်းငယ်သာပါဝင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ ဗီတာမင် C လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်အက်ဆစ်လည်းပါဝင်လို့ ကျန်းမာရေးကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။

DSC08602

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ မိုင်လိုက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။