ဒီတစ်ခေါက်တော့ ကလေးတွေအတွက် ဝက်ကုန်းဘောင်ကြော်နဲ့ ထမင်း ကို နေ့လည်စာ အဖြစ် ထည့်ပေးလိုက်ရအောင်။

ဝက်ကုန်းဘောင်ကြော်မှာ အသားရော၊ အသီးအရွက်တွေပါ အစုံပါဝင်တာကြောင့် ကလေးတွေအတွက် အဟာရပြည့်တဲ့နေ့လယ်စာ ဖြစ်ပါတယ်။

အခု ရာသီပေါ် အစားအစာ သရက်သီးကိုလည်း ကလေးတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ ငါးပုံစံလေး ဖော်ပြီးထည့်ပေးလိုက်ရအောင်။

DSC09207

ပါဝင်ပစ္စည်းများ           

  • ၀က်သား ကို အတုံးသေးလေး လှီးထားပါ။
  • ဆီ အနည်းငယ်
  • ဆလပ်ရွက်
  • ထမင်း
  • ရွှေပဲသီး ကိုလှီးထားပါ။
  • ငရုတ်ပွသီး အနီကို အတုံးလိုက်လှီးထားပါ။
  • ငရုတ်ပွသီး အစိမ်းကို အတုံးလိုက်လှီးထားပါ။
  • သကြား
  • Baby Corn ကို ထက်ခြမ်းခြမ်းထားပါ။

DSC09214

  • ဆား
  • မုန်လာဥနီကို အတုံးလေးတွေ တုံးထားပါ။
  • ပဲငံပြာရည်
  • ကြက်သွန်နီ အတုံးလိုက်လှီးထားပါ။
  • ကြက်သွန်ဖြူ အတုံးလိုက် လှီးထားပါ။
  • သရက်သီး
  • MILO

DSC09228

ပြုလုပ်နည်း

အရင်ဆုံး ၀က်သားကို ပဲငံပြာရည်နဲ့ နှံ့စပ်အောင် နယ်လိုက်ပါ။

ဒယ်အိုး အပြားထဲကို ဆီအနည်းငယ်ထည့်ပါ။ သကြား အနည်းငယ်ထည့်လိုက်ပါ။ ဆီက အညှိရောင်လေး သန်းလာမှ ၀က်သားကို ထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပါ။

DSC09258

ကြက်သွန် အတုံးလိုက်လှီးပြီးသားကို ဒယ်အိုးထဲ ထည့်ပါ။ မုန်လာဦနီကို ထည့်ပါ။ Babycorn ကိုထည့်ပါ။ ပဲသီးကို ထည့်ပါ။ အပေါ့ အငံ ပေါ် မူတည်ပြီး ဆားနည်းငယ်ပါထည့်ပါ။

DSC09277

ပုံဖော်မယ်

ထမင်းကို ယုန် ပုံစံဖြစ်အောင် ပုံဖော်ခွက်နဲ့ ပုံဖော်လိုက်ပါ။ ပြီးရင် ထမင်းဗူးထဲထည့်ပါ။ ထမင်းမှာတော့ သတ္တုဓာတ်၊ ဗီတာမင်၊ ကာဗိုဟိုင်ဒရိုတ်၊ ကယ်လိုရီ၊ ပရိုတင်း နှင့် အမိုင်နို အက်ဆစ်တို့ပါဝင်ပါတယ်။

DSC09315

ထမင်းဗူးရဲ့ အပေါ်ဘက်မှာ ဆလပ်ရွက်ခံလိုက်ပါ။ ပြီးရင် ၀က်ကုန်းဘောင်ကြော်ကို ထည့်ပါ။

ဝက်ကုန်းဘောင်ကြော်မှာတော့ ၀က်သားအပြင် အသီးအရွက်မျိုးစုံပါဝင်တာကြောင့် ကလေးရဲ့ ခန္ဓာကိုယ်အတွက် ညီမျှ မျှတတဲ့ အဟာရ တွေ ရရှိမှာ ဖြစ်ပါတယ်။

DSC09316

သရက်သီးကို ငါးပုံစံ ဖော်လိုက်ပြီး ထမင်းအပေါ်မှာ ထည့်လိုက်ပါ။

DSC09328

သရက်သီးမှာတော့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်ပေါင်း ၂၀ ကျော်ပါဝင်တာကြောင့် အရိုးသန်မာ၊ အစာချေစနစ်ကို ထောက်ပံ့ပေးပြီး ဆံပင်နဲ့ အသားအရေ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

DSC09218

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။

DSC09357