ကလေးတွေကို ဒီတစ်ပတ်မှာတော့ ပြည်ကြီးငါးချက်နဲ့ ပြောင်းဖူးကြော်ကို နေ့လည်စာ ထမင်းဗူး အဖြစ် ထည့်ပေးလိုက်ကြရအောင်။

ပါဝင် ပစ္စည်းများ

ပြည်ကြီးငါး အနည်းငယ်

DSC09636

ဆီ

ပဲငံပြာရည်

DSC09640

မန်ကျည်းသီးမှည့်

ကြက်သွန်ဖြူ

နံနံပင်

DSC09639

ပင်စိမ်းရွက်

စပလင်

DSC09641

ငရုတ်ပွသီး

ဆား

ပြောင်းဖူး

DSC09642

မုန်လာဥနီ

DSC09644

ဖရဲသီး

DSC09637

MILO

DSC09645

 ချက်ပြုတ်နည်း

ပြည်ကြီးငါးချက်

ဒယ်အိုး အပြားထဲကို ဆီအနည်းငယ်ထည့်လိုက်ပါ။ ကြက်သွန်ဖြူနဲ့ ဆီသပ်လိုက်ပါ။ ငရုတ်ပွသီးကို ထည့်ပါ။

DSC09652

ပြည်ကြီးငါးကို ဒယ်အိုးထဲထည့်ပါ။ မန်ကျည်သီးမှည့်ကို ဒယ်အိုးထဲထည့်ပါ။ ရေအနည်းငယ် ထည့်ပေးပြီး မွှေပေးပါ။

DSC09657

အသားနူးပြီဆိုရင် ပင်စိမ်းရွက် အနည်းငယ် အုပ်ပေးပြီး  မီးဖိုပေါ်က ချလိုက်ပါ။

ပြည်ကြီးငါးချက် နှင့် ပြောင်းဖူးကြော် (ကလေးတို့အတွက် အဟာရ အင်အားပြည့်ဝတဲ့ နေ့လည်စာ)

မုန်လာဥနဲ့ ပြောင်းဖူးကြော်

ဒယ်အိုးထဲကို ဆီ နည်းနည်းထည့်ပြီး ကြက်သွန်ဖြူနဲ့ ဆီသပ်လိုက်ပါ။ ပြီးရင် ပြောင်းဖူးထည့်ပြီး အနည်းငယ် မွှေပေးပါ။ မုန်လာဥနီ ထည့်ပြီး ဆား နည်းနည်း ထည့်လိုက်ပါ။ ကျက်တဲ့ အထိ ကြော်ပြီး ချလိုက်လို့ရပါပြီ။

DSC09703

ဖရဲသီး

ဖရဲသီးကို ကလေးတွေ ကိုင်စားလို့အဆင်ပြေအောင် အတုံးလိုက် အနေတော်လေး လှီးပေးလိုက်ပါ။

DSC09708

MILO

DSC09649

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။