ဒီတစ်ပတ်ကိုတော့ ကလေးတွေရဲ့ နေ့လည်စာ ထမင်းဗူးလေးကို  ကလေးတွေ ကြိုက်နှစ်သက်လေ့ရှိတဲ့ ၀က်ချိုချဉ်ကြော်နဲ့ ထည့်ပေးလိုက်ရအောင်။

ချက်ရတာလည်း အလုပ်မရှုပ်တဲ့အပြင် အချို ကြိုက်တဲ့ကလေးတွေအတွက် ထမင်းမြိန်စေမယ့် ဟင်းလေးတစ်ခွက်ပါ။

DSC09373

ထမင်းနှင့် ၀က်ချိုချဉ်ကြော်အတွက် ပါဝင်ပစ္စည်းများ

ဝက်သား ၂၀၀ ဂရမ်

ခရမ်းချဉ်သီး

ရွှေပဲသီး

မုန်လာဥနီ

ကြက်သွန်နီ

အကြော်မှုန့်

ငရုတ်ပွသီး

Babycorn

ကြက်သွန်ဖြူ

ဆား

Sauce (ခရမ်းချဉ်သီးနဲ့ ငရုတ်သီး)

ဆီ

ပဲငံပြာရည်

ထမင်း

နဂါးမောက်သီး

MILO

ပြုလုပ်နည်း

DSC09379

အရင်ဆုံး ၀က်သားကို အတုံးလိုက် အနေတော် လှီးထားရပါမယ်။ ပြီးရင် အကြော်မုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်လေးဖျော်ပေးလိုက်ပါ။ ၀က်သားကို အကြော်မှုန့်ထဲထည့်ကာ နှစ်လိုက်ပါ။ ဆီကို ဒယ်အိုးထဲ များများ ထည့်ပြီး အကြော်မှုန့်ထဲထည့်ထားတဲ့ ၀က်သားတွေကို အိုးထဲထည့် ကြော်လိုက်ပါ။

DSC09428

ဝက်သားလေးတွေ ရဲပြီး ကျက်သွားပြီဆိုရင် ဒယ်အိုးထဲကနေ ပြန်ဆယ်ယူလိုက်ပါ။

DSC09446

အသီးအရွက်အားလုံးနဲ့ ၀က်သားကို ရောကြော်မယ်

DSC09467

ဒယ်အိုးထဲမှာ ဆီထည့် ၊ ကြက်သွန်ဖြူထောင်းထားတာကို ထည့်ပြီး ဆီသပ်လိုက်ပါ။

အတုံးလေးတွေ လှီးထားတဲ့ ကြက်သွန်နီကို အိုးထဲထည့်ပါ။ အတုံးလေးတွေလှီးထားတဲ့ ငရုတ်ပွအသီး၊ မုန်လာဥနီ၊ Babycorn၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး တို့ကို ထည့်ပြီး ကြော်ပါ။

ပြီးရင် ကြော်ထားတဲ့ ၀က်သားတွေကို ထည့်ပြီး ကြော်လိုက်ပါ။

DSC09481

အရသာအပေါ်မူတည်ပြီး ဆားအနည်းငယ်နဲ့ ပဲငံပြာရည် ထည့်မယ်။

ခရမ်းချဉ်သီးနဲ့ ငရုတ်သီး ဆော့ အနည်းငယ်တို့ကို အိုးထဲထည့်ပြီး မွှေလိုက်ပါ။

နဂါးမောက်သီး

DSC09495

နဂါးမောက်သီး တစ်လုံးကို ၃ပိုင်းပိုင်းလိုက်ပါ။ ပြီးနောက် ယုန်ပုံစံဖော်ဖို့အတွက် ပုံစံခွက်လေးနဲ့ အသီးကို ပုံဖော်လိုက်ပါ။

DSC09498

MILO ထမင်းဗူးလေးမှာ ထမင်းလေးကို အလယ်မှာထည့်၊ ၀က်သားချိုချဉ်ကြော်လေးကို ထမင်းဗူးရဲ့အောက်နားမှာထည့်ပါ။ ပြီးရင် ယုန်ပုံစံ နဂါးမောက်သီး ၂ လုံးကို ထမင်းဗူးရဲ့အပေါ်ပိုင်းမှာထည့်ပေးပါ။

DSC09510

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။