ရန်ကုန် မုန့်ဟင်းခါး စားနေကျလူများ အတွက်တော့ ပုဇွန်ချဉ်၊ ခရမ်းချဉ်သီးနဲ့ ဆန်နှစ်ထည့်စားတာ အဆန်းမို့လို့ မုန့်ဟင်းခါး နစ်သက်သူများကို ကိုကျော်လင်းသန့်ရဲ့ ဒေသစာ မဒေါက်မုန့်ဟင်းခါးကို ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးပြုတ်ရည်၊ ငှက်ပျောအူ
  • ပဲသီး၊ နံနံပင်
  • ခရမ်းချဉ်သီး၊ ငါးချဉ်
  • ဆန်နှစ်
  • ဆန်လှော်မှုန့်များများ

ပြုလုပ်နည်း

ငါးပြုတ်ရည်နဲ့ ငှက်ပျောအူကို ချက်ထားတာပါ။ ဆန်လှော်မှုန့် မပါ။ ငပိ မထည့်၊ ဆီ မသုံးပါ။ ငါးပြုတ်ရည် ပွက်ပွက်ဆူတော့ ဟင်းရည်ရပါပြီ။

မုန့်ပွဲပြင်လျင် ပဲသီး ၊ နံနံပင် ၊ ခရမ်းချဉ်သီး အပြင် ငါးချဉ် ထည့်စားပါတယ်။ ဆန်နှစ် (မုန့်ဖိုက ဆန်ကြိတ်ထားတာကို နည်းနည်းတောင်း ၊ ရေဖျော်ပြီး ၊ နနွင်းထည့်ကြိုပါ ။  ဆန်နှစ် ခဲလျင်  ကြက်သွန်ဖြူ ဆီချက်ကို အပေါ်မှ ဆမ်းထားပါ။)

စားတော့မှ ဆန်နှစ် တစ်ဇွန်းလောက်ထည့် ၊ ငါးချဉ် ကြိုက်သလောက် ထည့် ၊  ဆန်လှော်မှုန့် ထည့် ၊ ဟင်းရည်ကြဲလေးနဲ့ ပဲကြော် ကြွပ်ကြွပ်ထည့်ပြီး စားကြတာပါ။ အရည် နည်းနည်း ဆန်လှော်မှုန့် များများနဲ့ အသုတ် ကဲ့သို့ နယ်စားနိုင်ပါတယ်။

Credit: Kyaw Lin Thant