မင်္ဂလာပါ။ ဒီတစ်ခါတော့ ပုဇွန်ဆိတ်လေးတွေကို စားလို့ပိုကောင်းအောင် ချက်စားလို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ မရမ်းသီးလေးကို သေသေချာချာ ထောင်းကြိတ်ထားပြီး ချဉ်ချဉ်လေးချက်စားရမှာဆိုတော့ မတော်လို့ ဆီများသွားရင်တောင် အအီပြေသွားပြီပေါ့။
ပါဝင်ပစ္စည်များ
- ပုဇွန်ဆိတ် – ၃၀ ကျပ်သား
- ဆီ – ၅ ကျပ်သား
- ကြက်သွန်နီ – ၃ လုံး (နှုတ်နှုတ်စဉ်း)
- ခရမ်းချဉ်သီး မှည့်မှည့် – ၂ လုံး
- ကြက်သွန်ဖြူ – ၁ လုံး
- မရမ်းသီး (ကြီး) – ၆ လုံး (ထောင်းထားပါ)။
- နနွင်း အရောင်တင်မှုန့် – သင့်ရုံ
- ငရုပ်သီးစိမ်း (ပါးပါးလှီး) – အစပ်စားနိုင်သလောက်
ပြုလုပ်နည်း
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးများ နွမ်းလာအောင် ဆီသပ်ပါ။
- ပြီးလျှင် အခွန်သင် ၊ ခေါင်းအမြီးများ ဖယ်ပြီး ဆား၊ နနွင်း သင့်ရုံ နယ်ထားသော ပုဇွန်ထည့်ပါ။
- ရေသင့်ရုံ ထည့် ၊ ချခါနီး မရမ်းသီးထောင်းများ ထည့် ၊ ငရုပ်သီးများ ထည့်၊ ဆား အပေါ့ အငံပြင်ကာ ချို ချဉ် စပ် အရသာ ရှိလှတဲ့ မရမ်းသီးထောင်း ပုဇွန်ဟင်းလေး ရပါပြီ။
Credit: Soe’s Cooking Collection