Macaroni ဆိုတာ ပါစတာ (Pasta) ပြုလုပ်တဲ့ ခေါက်ဆွဲချောင်း အလိမ်လေးတွေပါပဲ ။ Macaroni ကို ပြုလုပ်ပြီး ဗိုက်စာသည့် အခါ အစာပြေ စားသုံးလို့ ရပါတယ် ။ Macaroni Salad အလွယ်ပြု လုပ်ပုံလေးပြောပြပါမယ် ။
ပါဝင်ပစ္စည်းများ
- Macaroni – ၂၀၀ ဂရမ်
- ဂျုံမှုန့် (Plain Flour) – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- နွားနို့ – ၃၆၀ မီလီလီတာ /၂၄ ဇွန်း (စားပွဲတင်ဇွန်း)
- ချိစ် (Cheese) – ၂၀၀ ဂရမ်
- ဆား+ငရုပ်ကောင်းအဖြူ မှုန့် – (အနည်းငယ်)
ပြင်ဆင်ပြုလုပ်နည်း
- ပုံတွင်ပြထားသည့် Macaroni အချောင်းလေးတွေကို ရေနွေးဆူဆူထဲတွင် ၉ မိနစ်ခန့်ပြုတ်ကာ ဇကာဖြင့် ရေစစ်၍ အေးပြီးမာ မသွားစေရန် ပန်းကန်တစ်ခု ထဲတွင် ထည့်ကာ အဖုံးအုပ် ထားပါ။
- ပန်းကန်လုံး တစ်ခုထဲတွင် ဂျုံမှုန့် (Plain Flour) ၊ နွားနို့ ဖြင့် နှံ့အောင် မွှေထားပါ။ Macaroni ပြုလုပ်မည့် အိုးထဲသို့ နွားနို့၁၆ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး မီးအေးအေးဖြင့် ကျိုပါ။(အထက်တွင် ဖော်ပြထားသည့်နွားနို့ ၃၆၀ မီလီလီတာသည် ၂၄ ဇွန်း (စားပွဲတင်ဇွန်း)ဖြင့် ညီမျှပါသည်။)
- နွားနို့ ကျို ထားသည့် အိုးထဲသို့ ပန်းကန်လုံးဖြင့် ဖျော်ထားသည့် (နွားနို့+ဂျုံမှုန့့် ) ရောထည့်ကာ ဖြေးညှင်းစွာ ၃-မိနစ်ခန့် မွှေပေးပါ ။
- ပျစ်လာပါက ပါးပါးလှီးထားသည့် ချိစ် (Cheese) ၂၀၀ ဂရမ် ထည့်ကာ ချိစ်များအားလုံး အရည်ပျော်သွားသည်ထိ မွှေပေးပါ ။
- ချိစ်များ အားလုံး အရည်ပျော်ပြီး ခပ်ပျစ်ပျစ်လေး ဖြစ်လာပါက Macaroni ထည့်၍ အားလုံး သမသွားအောင်မွှေပါ ။ ထို့နောက် ဆားအနည်းနှင့် ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်၍ အရသာရှိစွာ စားသုံးနိုင်ပါသည်။
Credit: ဇွဲသုသု