အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲပြုတ် ကြိုက်နှစ်သက်သူများအတွက် မှို ကြက်ဥခေါက်ဆွဲပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲခြောက် ၁ ထုပ်
  • ဟင်းနုနွယ် ပန်းကန်လုံး ၁ လုံးစာ
  • မှို ၃ ပွင့်
  • ကြက်သွန်မြိတ် ၂ ပင်
  • ကြက်ဥ ၁ လုံး

  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေ ပန်းကန်လုံး ၂ လုံးစာခန့် ထည့်ထားပြီး ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ထိုအချိန်မှာ ဟင်းနုနွယ်နှင့် မှိုတို့ကို ရေဆေးပြီး အနေတော် လှီးဖြတ်ထားပါ။

၂။ ရေက ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခေါက်ဆွဲခြောက်ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ထို့နောက် အရသာအပေါ့အငန် မြည်းကြည့်ဖို့အတွက် ခေါက်ဆွဲခြောက်မှာပါတဲ့ ဟင်းခပ်မှုန့်များ ထည့်လိုက်ပါ။

၃။ မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ လျော့ချပြီးနောက်မှာတော့ ဟင်းရွက်များထည့်ကာ ၂ မိနစ်ခန့် တည်ပါ။

၄။ ထို့နောက် ကြက်ဥထည့်ဖို့ ရေတွင်းပုံစံ နေရာဖယ်ထားလိုက်ပါ။ ပြီးရင်တော့ ကြက်ဥဖောက်ထည့်လိုက်ပါ။

ကြက်ဥအနှစ်ကို မကျက်တကျက်လေး စားချင်တယ်ဆိုရင်တော့ မီးဖိုပေါ်က ချက်ချင်းချလိုက်လို့ရပါပြီ။ ကြက်ဥအနှစ်ကို ကျက်စေချင်တယ်ဆိုရင်တော့ ၃ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

၅။ ထို့နောက် ငရုတ်သီးအနှစ်လည်း ထည့်ကာ ကြက်သွန်မြိတ်လေး ဖြူးထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Budgetbytes.com