အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ခေါက်ဆွဲခြောက်ကို အသင့်ပါပြီးသား အစာပလာတွေနဲ့မဟုတ်ဘဲ အသီးအနှံတွေနဲ့ ပြုတ်စားလို့ရအောင်မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ခေါက်ဆွဲခြောက် တစ်ထုပ်
- ငရုတ်သီးစိမ်းတစ်ထောင့်
- ကြက်သွန်နီတစ်ခြမ်း
- မုန်လာဥနီအနည်းငယ်
- ပဲသီးအနည်းငယ်
- ပြောင်းဖူးအနည်းငယ်
- ငရုတ်သီးမှုန့်အနည်းငယ်
- နနွင်းမှုန့်၊ နံနံစေ့မှုန်အနည်းငယ်
- ဆီ၊ ဆားအနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
အရင်ဆုံးဆီကိုအပူပေးလိုက်ပြီး အသီးအရွက်တွေထည့်ကြော်လိုက်ပါ။ငရုတ်သီးမှုန်၊ နနွင်းမှုန့်၊ နံနံစေ့မှုန့်နဲ့ ဆားထည့်လိုက်ပြီးမွှေပေးလိုက်ပါ။
အသီးအရွက်ရပြီဆိုရင်တော့ ဖယ်ထားလိုက်ပါ။
အိုးတစ်ခုထဲကို ရေအနေတော်ထည့်လိုက်ပြီး ရေပွက်ပွက်ဆူလာပြီဆိုရင်တော့ ခေါက်ဆွဲထည့်လိုက်ပါ။
အပေါ်ကနေ နံနံပင်လေးအုပ်လိုက်ပါ။
၂ မိနစ်လောက်ပြုတ်ပေးပြီးရင်တော့ အသီးအရွက်ကြော်ထားတာထည့်လိုက်ပါ။
ပြီးရင် နောက်ထပ် ၂ မနစ်လောက်ထပ်ပြုတ်ပေးပြီးရင်သုံးဆောင်လို့ရပါပြီနော်။
Source: www.tasty-indian-recipes.com
By: MyFood Myanmar