အားလုံးပဲ မင်္ဂလာပါ။ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ သစ်သီးယို ထိုးချင်သူများအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ သင်္ဘောသီးယို ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးမှည့် ၁ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • သရက်သီးမှည့် ၁ လုံး (အခွံခွာပြီး အတုံးငယ် တုံးထားပါ)
  • သကြားဖြူ စားပွဲတင်ဇွန်း ၄၈ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • သံပုရာသီး ၂ လုံး (အရည်ညှစ်ထားပါ)

  • ရမ် ၁.၇ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးထဲသို့ သင်္ဘောသီးနှင့် သရက်သီးများထည့်ပါ။

၂။ ထို့နောက် သံပုရာရည် ထည့်ပါ။

၃။ သကြားဖြူ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီးနောက် မီးအပူပြင်းပြင်းဖြင့် ဆူပွက်လာအောင် အပူပေးပါ။ မကြာခဏ မွှေပေးဖို့ လိုပါမယ်။

၄။ ဆူပွက်လာပါက သကြားညိုနှင့် ကျန်ရှိနေသော သကြားဖြူများအားလုံး လောင်းထည့်ကာ ၁ မိနစ်ခန့် တည်ပေးပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက မီးဖိုပေါ်က ချက်ချင်းချလိုက်ပြီး ရမ် လောင်းထည့်ကာ မွှေပေးလိုက်ပါ။ ဗူစီဖောင်းများ ပျောက်သွားသည်အထိ မွှေပေးရပါမယ်။

၆။ မွှေပြီးသွားတဲ့အခါ သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းထဲသို့ ချက်ချင်း ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အိမ်လုပ် သဘာဝ သင်္ဘောသီးယိုလေး ရရှိသွားပါပြီ။

ပေါင်မုန့်လေးနဲ့ သုတ်စားတဲ့အခါ အင်မတန်လိုက်ဖက်ပြီး အရသာရှိပါတယ်။

Source: Bowl-me-over.com