ခေါက်ဆွဲကြော် ကြိုက်ကြလားရှင့်။ မိမိအိမ်မှာ လွယ်လွယ်ကူကူနဲ့ မိသားစုတွေအတူတူ ခေါက်ဆွဲကြော်လေး ကြော်စားကြမယ်လေ။ ကိုယ်ကဟင်းမချက်တတ်ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးက ပြုလုပ်ရတာလွယ်ကူပါတယ်။
ပါဝင်ပစ္စည်း
- မုန်လာဥနီ
- ဂေါ်ဖီထုတ်
- ငရုတ်ပွသီးအစိမ်း
- ပြောင်းဖူး
- တရုတ်ခေါက်ဆွဲ (သို့) မိမိနှစ်သက်ရာခေါက်ဆွဲ
- ဆား
- ရှာလကာရည်
- ပဲငံပြာရည်
- ကြက်သားမှုန့်အနည်းငယ်
ပြုလုပ်နည်း
ခေါက်ဆွဲကို ပြုပ်လိုက်ပါ။
အသီးအရွက်တွေကို ပါးပါးလှီးလိုက်ပါ။
ပြီးရင်အသီးအရွက်တွေကို အရင်ကြော်ပါ။
အဲဒီနောက် ကြက်သားမှုန့် ၊ ဆား၊ ရှလကာရည် နဲ့ ပဲငံပြာရည် ထည့်ပါ။
ပြီးရင် ခေါက်ဆွဲထည့်ပြီး ကြော်ပါ။
ကဲစားလို့ရပါပြီ။