အားလုံးပဲမင်္ဂလာပါနော်။ ငရုတ်သီးနီနီရဲရဲနဲ့ ပူပူစပ်စပ်စားရတာကြိုက်တဲ့သူတွေအတွက် ဆီချွမ်စတိုင်လ် မာလာကြက်သားကြော်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ငရုတ်သီးအစပ်သီးအခြောက် ၃ ခွက်
- ဆီချွမ် ငရုတ်ကောင်း စားပွဲတင်ဇွန်း ၄ ဇွန်း
- ကြက်သွန်နီအနည်းငယ်
- ကြက်သွန်ဖြူအနည်းငယ်
- နှမ်းအနည်းငယ်
- သကြားအနည်းငယ်
- ပဲငံပြာရည်အနည်းငယ်
- ဆားအနည်းငယ်
- မှို ပါးပါးလှီး အနည်းငယ်
- ဆီအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံးကြက်သားလေးတွေကို အတုံးလိုက်လှီးလိုက်ပါ။ ပြီးရင်အရေခွံနဲ့အရိုးကို ကိုမထည့်ဘဲ ပါးပါးလှီးလိုက်ပါ။
အဲဒီနောက်ပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုက်တွေနဲ့ နယ်ပေးလိုက်ပြီး ၁ နာရီလောက် နှပ်ထားလိုက်ပါ။
ပြီးရင်တော့ ငရုတ်သီးပါး လှီးထားပါ။
ကြက်သားကို ရေဆစ်လိုက်ပါ။ ဆီများများ၊ အိုးပူပူနဲ့ ကြော်ပေးလိုက်ပါ။
ကြက်သွန်နီ ၊ ဂျင်း၊ ကြက်သွန်ဖြူကို လှီးထားပါ။
အိုးထဲကို ဆီနည်းနည်းထည့်လိုက်ပြီး ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ငရုတ်ကောင်းတို့ကို ဆီသတ်လိုက်ပါ။
ပြီးရင်တော့ ငရုတ်သီးထည့်ကြော်ပါ။ အဲဒီနောက် ကြက်သားကြော်ထားတာကိုထည့်ပါ။ နှမ်းထည့်ပါ။ ပဲငံပြာရည်၊ မှို၊ သကြား၊ ဆားထည့်လိုက်ပါ။
ရိုးရိုးလေးပေမယ့် အရမ်းစားလို့ကောင်းတယ်နော်။
Source: www.yumofchina.com
By: MyFood Myanmar