ဒီပုံလေးကိုမြင်လိုက်တာနဲ့ ဘယ်လောက်ထိစပ်မယ့် ကြက်ကြော်လဲဆိုတာ အားလုံးခန့်မှန်းနိုင်ကြမှာပါနော်။ တရုတ်နိုင်ငံ Chongqing မြို့စတိုင်လ် ကြက်ခြောက်ကြော် စပ်စပ်လေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ပေါင်သား ၄ ချောင်း
  • ဆီ
  • ဂျင်းအနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ငရုတ်သီးအခြောက် ၁ ခွက်

Source: elmercadito.es

  • ကြက်သွန်မြိတ်အနည်းငယ်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် (အဖြူ) အနည်းငယ်
  • ကော်မှုန့် အနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ငရုတ်သီးအခြောက်ကို ရေနဲ့ ၁၅ မိနစ်လောက်စိမ်ထားလိုက်ပါ။ ဒီလိုစိမ်ထားခြင်းဖြင့် ငရုတ်သီး မတူးအောင် ကာကွယ်ပေးနိုင်ပါတယ်။

ကြက်သားကိုအရိုးဖယ်ပြီးအသားပဲယူကာ အတုံးလေးတွေတုံးလိုက်ပါ။ ခွက်တစ်ခုထဲထည့်ထားလိုက်ပြီး ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့နယ်လိုက်ပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားထားပါ။

အဲဒီနောက် ဆီကိုအပူပေးလိုက်ပြီး ကြက်သားထည့်ကြော်လိုက်ပါ။ ကြက်သား လုံးဝ ခြောက်သွားပြီး ရပြီဆိုရင်တော့ ဆယ်ထားပေးလိုက်ပါ။

ပြီးရင် ငရုတ်သီးကို ဆီနည်းနည်းနဲ့ ကြော်ပေးလိုက်ပါ။

၁ မိနစ် ၂ မိနစ်လောက်ကြော်ပေးပြီး ဆီထပ်ထည့်ကာ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ကို ထည့်ကြော်လိုက်ပါ။

ပြီးရင် ကြက်သားထည့်ပြီး နှမ်းနဲ့ သကြားထည့်လိုက်ပါ။

ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီးထည့်လိုက်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် သုံးဆောင်နိုင်ပါပြီနော်။

Source: www.chinasichaunfood.com

By: MyFood Myanmar