အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မလေးရှားနိုင်ငံက နာမည်ကျော် Char Kway Teow ခေါက်ဆွဲကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ခေါက်ဆွဲ
  • ပုဇွန် အနည်းငယ်
  • ဝက်အူချောင်းအနည်းငယ်
  • ကြက်ဥ ၁ လုံး (မွှေထားလိုက်ပါ)
  • ကြက်သွန်မြိတ်အနည်းငယ်

  • ကြက်သွန်ဖြူ အနည်းငယ်
  • ငါးတို့ဖူး (သို့) Fish cake အနည်းငယ် (ပါးပါးလှီးပါ) မရှိရင်လည်းမထည့်လို့ရပါတယ်။
  • ဝိုင်အနည်းငယ် (မရှိရင်မထည့်လို့ရပါတယ်။)
  • ပဲပင်ပေါက်အနည်းငယ်

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပုဇွန်ငါးပိ အနည်းငယ်

  • ခရုဆီ အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သကြားအနည်းငယ်

ပြုလုပ်နည်း

ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ မိနစ် ၃၀ ကနေ ၄၅ မိနစ်လောက်စိမ်ထားပါ။ ရေကိုသေချာဆစ်ပေးလိုက်ပါ။

ဆီကိုအပူပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူဆီသတ်ပြီး ဝက်အူချောင်းကိုမွှေလိုက်ပါ။ ပုဇွန်နဲ့ Fish Cake တို့ကိုထည့်ပြီး ကြော်ပေးလိုက်ပါ။

ပြီးရင်တော့  ဝိုင်အနည်းငယ်ထည့်ပါ။ အဲဒီနောက် ခေါက်ဆွဲထည့်လိုက်ပါ။ ဆော့လ်လုပ်မယ့်ပါဝင်ပစ္စည်းတွေအကုန်လုံးထည့်လိုက်ပါ။

ပြီးရင် ခေါက်ဆွဲလေးတွေကိုဖယ်လိုက်ပြီး အလယ်ကနေ ကြက်ဥထည့်လိုက်ကာသေချာမွှေပေးလိုက်ပါ။

ပြီးရင် ပဲပင်ပေါက်နဲ့ ကြက်သွန်မြိတ်ထည့်ပေးလိုက်ပါ။ သေချာလေးမွှေပေးလိုက်ပြီး အနံ့လေးမွှေးမွှေးလေးနဲ့ သုံးဆောင်နိုင်ပါပြီနော်။

ခေါက်ဆွဲလေးက ခြောက်နေတယ်လို့ထင်ရင် ရေလေးနည်းနည်းထည့်ပေးပြီး ရေခမ်းသွားအောင်ကြော်ပေးလိုက်ပါ။

ငရုတ်သီးမှုန့်နဲ့ နယ်၊ သံပုရာသီးညှစ်ပေးပြီး သုံးဆောင်နိုင်ပါတယ်။

Source: www.thewoksoflife.com

By: MyFood Myanmar