ကြက်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သာမန်ကြက်ကြော်များနဲ့မတူ တမူထူးခြားတဲ့ မလေးရှားစတိုင်လ် ကြက်သားကြော် ပြင်ဆင်ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၆၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သစ်သီးဖျော်စက် (သို့) ကြိတ်စက်ထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ အနှစ်များဖြစ်သွားအောင် ဖျော်ပေးလိုက်ပါ။

၂။ ကြက်သားတုံးများကို ရေဖြင့် ဆေးပြီးနောက် ခြောက်အောင် သုတ်ထားလိုက်ပါ။

ထို့နောက် ကြက်သားတုံးများကို ပန်းကန်လုံးထဲထည့်ပါ။ ကြက်သွန်အနှစ်များ၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ဆား၊ သကြားတို့ဖြင့် သမအောင် နယ်ပါ။ ထို့နောက် အနည်းဆုံး ၂ နာရီခန့် နှပ်ထားလိုက်ပါ။ (တစ်ညတာခန့် နှပ်ထားပါက ပိုအရသာရှိပါတယ်)

၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးတဲ့အခါမှာတော့ ဒယ်အိုးထဲတွင် ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၆ မိနစ်မှ ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ကြက်သားတုံးများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

ကြက်သားတုံးများအားလုံး ကြော်ပြီးသွားပါက အရသာရှိတဲ့ မလေးရှားစတိုင်လ် ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com