ကျွန်မက မြီးရှည်အလွန်ကြိုက်သူပီပီ အင်္ဂလန်မှာနေရတဲ့တောက်လျှောက် ကျွန်မရဲ့ အစားအစာလွမ်းတာ တွေကို ဖြေရှင်းဖို့ရာ ကိုယ်တိုင် ဘာမဆိုလုပ်စားရပါတယ်။ မြန်မာပြည်ကိုချစ်ပြီး မြန်မာအစားအစာကိုမြတ်နိုးလွန်းတာ မို့ တိုင်းတပါးမှာ 10 နှစ်နေရတဲ့ကာလများကို ကျွန်မ မြန်မာအစားအစာများကို မရမကရှာဖွေ ချက်ပြုတ်ခြင်းဖြင့် ကုန်ဆုံးခဲ့ပါတယ်။ ဒီမြီးရှည်လုပ်တာကိုတော့ ခဏခဏ လုပ်စားဖြစ်နေတာမျိုးပါ။ မန္တလေးမြို့ရဲ့ သင်္ကေတလဲဖြစ်တဲ့ မြီးရှည်လုပ်နည်းလေးကို ကျွန်မ ရေးပြပါမယ်။

ပါဝင်ပစ္စည်းများ

  • မြီးရှည်လုပ်ရန် မုန့်တီဖတ် (နန်းလတ်) – 1 ပိဿာ
  • ၀က်သား (၃-ထပ်သား (သို့) ကြက်သား -50 သား
  • ချင်း – လက်တဆစ်ခန့်
  • ကြက်သွန်ဖြူ – 5 ကျပ်သား

  • ကြက်သွန်မြိတ် (လှီးပြီးသား) – လက် 2-ဆုပ်ခန့်
  • ပဲငပိ (အငံ) – 1 ခွက်စာ (အကြမ်းပန်းကန်)
  • တရုတ်နံနံ (ပါးပါးလှီးပြီးသား) – လက် 1 ဆုပ်ခန့်
  • ပဲငံပြာရည်အကြည် – လိုသလောက်

  • ကော်မှုန့် – 5 ကျပ်သား
  • ဆီတိုဟူး – 7 တုံးခန့်
  • ပဲပင်ပေါက်၊ ကြံမဆိုင် – 20 ကျပ်သားစီ

အီကြာကွေး 

  • မုန့်တီဖတ်များကို ရေနွေးဖြင့်ပြုတ်ပြီး စစ်ထားပါ။ ၀က်သားများကို ချင်း၊ ကြက်သွန်ဖြူ၊ ဆားလိုအပ်သလောက် ထည့်ပြီး နူးအိနေအောင် ပြုတ်ရပါမယ်။ အမျှင်လေးများဖြစ်အောင် နွှင်ထားပါ။ ငရုတ်ပွခြောက်များကို ဆီပူမှာ ညိုရောင်သန်းလာသည်အထိကြော်ကာ အေးလျှင် ညက်အောင်ထောင်းကာ ကြော်ဆီမှာပဲ ပြန်စိမ်ထားပါ။
  • ဆီတိုဟူးကို ရေနွေးဖြင့် မပျစ်မကျဲ ဖျော်ထားပါ။
  • ပဲပင်ပေါက်ကို ရေနွေးဖျောထားပါ။
  • ကြံမဆိုင်ကို ပါးပါးလှီးထားပေးပါ။
  • ကော်မှုန့်ကို ရေနွေးဖြင့်ဖျော်ပြီး မပျစ်မကျဲ ဖျော်ထားပါ။

ပွဲပြင်ရန်

မြီးရှည်ဖတ်တစ်ပွဲစာကို ပန်းကန်တွင် ထည့်ပါ။ ပဲငံပြာရည် (အချိုစားဇွန်း ၁ ဇွန်း)၊ ကော်ရည် ၁ ဇွန်း (စားပွဲတင်ဇွန်း)၊ ပဲငပိ ၁ ဇွန်း (အချိုဇွန်း)၊ ငရုတ်ဆီ ၁ ဇွန်း (စားပွဲတင်)၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ကြံမဆိုင်၊ ဆီတိုဟူး (၁ ဇွန်း-အချိုစားဇွန်း)၊ အသားပြုတ် လိုသလောက်ဖြင့်ပြင်ပေးပါ။ ဂျုံလုံးကြော်အစား အီကြာကွေးကို ညှပ်ထဲ့ပေးပါ။ စားခါမှ နှံ့အောင် မွှေပေးရပါမယ်
ဟင်းချိုပြုလုပ်ရန်မှာ

ဝတ်ပြုတ်ရည် (သို့) ကြက်ပြုတ်ရည် ကျဲကျဲဆူဆူကို တရုတ်နံနံ၊ ကြက်သွန်ဖြူ ဓါးပြားရိုက်ပေါ် လောင်းထည့်ကာ ငရုတ်ကောင်း၊ ဆားခတ်ကာ တွဲစားနိုင်ပါပြီ။

Mandalay Mee Shay

Credit:

Ei Thet https://www.facebook.com/ethet1
https://htetfamily.com