အားလုံးပဲ မင်္ဂလာပါ။ Smoothie ဖျော်ရည်လေးတွေ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ငှက်ပျောသီးနဲ့ သရက်သီးကို နွားနို့နဲ့ရောပြီး ဖျော်သောက်နိုင်မယ့် သစ်သီးဖျော်ရည်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီးမှည့် အကြီး တစ်လုံး
  • ငှက်ပျောသီးမှည့် ၂ လုံး
  • နွားနို့ တစ်ဖန်ခွက် (၂၅၀ မီလီလီတာခန့်)
  • ရေခဲတုံး ၈ တုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သရက်သီးကို ရေဆေးပြီး အခွံခွာကာ သရက်သီးအသားများကို လှီးထုတ်လိုက်ပါ။ ငှက်ပျောသီးကိုလည်း အခွံခွာကာ ၃ ပိုင်း ပိုင်းထားပါ။

၂။ ငှက်ပျောသီး၊ သရက်သီး၊ နွားနို့နဲ့ ရေခဲတုံးတို့ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အတုံးအခဲများ မကျန်တော့သည်အထိ မွှေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်လေးထဲထည့်ပြီး အရသာရှိရှိသောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။

အချိုအရသာကြိုက်နှစ်သက်သူများအနေနဲ့ ဖျော်ရည်ကို ချိုချိုလေး သောက်သုံးချင်ပါက ပျားရည် (သို့မဟုတ်) နို့ဆီကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းထပ်ထည့်ပေးလို့လည်း ရပါတယ်။ ဒီ Smoothie လေးကို မနက်ခင်းမှာ သောက်သုံးမယ်ဆိုရင်တော့ တစ်နေ့တာလုံး စွမ်းအင်ပြည့်နေမှာဖြစ်ပြီး နေ့လည်ခင်းမှာ သောက်သုံးမယ်ဆိုရင်တော့ ရင်အေးစေမှာပဲဖြစ်ပါတယ်။

Source: mydeliciousmeals.com