အားလုံးပဲ မင်္ဂလာပါ။ မကြာမီမှာပဲ သရက်သီးတွေ လှိုင်လှိုင်ဝင်မှည့်တဲ့ သရက်သီးမှည့်ရာသီရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက်ကြောင့် သရက်သီးချစ်သူများအတွက် မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျလုပ်စားနိုင်မယ့် အိမ်လုပ် သရက်သီးပူတင်းအချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး ၂၀၀ ဂရမ် (အနှစ်များဖြစ်သွားအောင် ခက်ရင်းနဲ့ ချေမွထားလိုက်ပါ။ သို့မဟုတ် သစ်သီးဖျော်စက်ဖြင့် ဖျော်ထားနိုင်ပါတယ်)
  • Heavy Cream စားပွဲတင်ဇွန်း ၃ ဇွန်းခန့်
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁၅ ဇွန်း
  • သကြား ၃၀ ဂရမ်

  • Gelatin Powder ၄ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေ စားပွဲတင်ဇွန်း ၁၅ ဇွန်းထည့်ကာ အိုးရဲ့အောက်ခြေကနေ ပူစီဖောင်းလေးများ ထလာသည်အထိ တည်ထားလိုက်ပါ။ ထို့နောက် မီးဖိုပေါ်မှ ချထားလိုက်ပါ။

၂။ ထိုရေနွေးထဲသို့ သကြားထည့်ကာ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ Gelatin Powder လောင်းထည့်ကာ သမအောင် ထပ်မွှေပေးရပါမယ်။ ရရှိလာတဲ့ သကြားရည်နှင့် Gelatin အရောအနှောကို သရက်သီးအနှစ်ထဲသို့ ဖြည်းညှင်းစွာလောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ သံပုယိုရည် ထည့်ကာ သမအောင် မွှေရပါမယ်။ စာဖတ်သူတို့အသုံးပြုတဲ့ သရက်သီးအမျိုးအစားပေါ် မူတည်တာကြောင့် သရက်သီးက အရမ်းချဉ်နေပါက သံပုယိုရည် မထည့်လည်း ရပါတယ်။

၅။ ရရှိလာတဲ့ သရက်သီးအနှစ်အရောအနှောကို အသင့်ပြင်ဆင်ထားသော ပန်းကန်လုံးလေးများထဲ အညီအမျှ ခွဲထည့်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် အအေးခံထားလိုက်ပါ။ အလျင်လိုနေပါက မိနစ် ၄၀၊ မိနစ် ၅၀ လောက်ပဲ အအေးခံထားမယ်ဆိုလည်း ရပါတယ်။

၆။ သရက်သီးပူတင်းက တင်းတင်းရင်းရင်းလေးဖြစ်သွားပြီဆိုရင်တော့ သရက်သီးပူတင်းပေါ်သို့ Heavy Cream အနည်းငယ် လောင်းထည့်ပါ။ ထို့နောက် သရက်သီးတုံးလေးများဖြင့် အလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သရက်သီးပူတင်း အချိုပွဲလေး ရရှိသွားပါပြီ။

Source: Cookingwithdog.com