အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းစားပြီးတဲ့အခါ အချိုပွဲအနေနဲ့ သုံးဆောင်ချင်သူများအတွက် သရက်သီး သာကူချိုချိုလေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး ၅၅၀ ဂရမ် ( ၄၀၀ ဂရမ်ကို ခပ်ကြီးကြီး တုံးထားပြီးနောက် ကျန် ၁၅၀ ဂရမ်ကို ကုဗတုံးငယ်ပုံသဏ္ဍာန် တုံးထားလိုက်ပါ)
  • နို့ဆီ ၁၅၀ မီလီလီတာ
  • သာကူစေ့ ၂၀၀ ဂရမ် (အစိမ်းရောင် ၁၀၀ ဂရမ်နှင့် ပန်းရောင် ၁၀၀ ဂရမ်)
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေခဲတုံး ပန်းကန်လုံး ၃ လုံးစာနှင့် ရေ ၈၀၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေ ၄၀၀ မီလီလီတာနှင့် သကြား စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ အပူပေးလိုက်ပါ။ ပွက်ပွက်ဆူလာပါက အစိမ်းရောင်သာကူစေ့ ၁၀၀ ခန့်ကို အိုးထဲထည့်လိုက်ပါ။ ၁၅ မိနစ်ခန့် ပြည့်ပါက သာကူများကို ပန်ကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။

အခြားအိုးအသစ်တစ်လုံးထဲတွင်လည်း ရေ ၄၀၀ မီလီလီတာနှင့် သကြား စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ပါ။ ပွက်ပွက်ဆူလာပါက ပန်းရောင် သာကူစေ့များကို ထည့်ကာ ၁၅ မိနစ်ခန့်ကြာရင်တော့ ပန်းကန်ထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၂။ သစ်သီးဖျော်စက်ထဲတွင် သရက်သီး ၁၅၀ ဂရမ်နှင့် နို့ဆီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲတွင် ပြောင်းထည့်ထားပါ။ ရေခဲတုံးများကိုလည်း ကြေသွားအောင် ထုချေထားလိုက်ပါ။

၃။ ပါဝင်ပစ္စည်းများအားလုံးကို ရောသမမွှေဖို့ရန်အတွက် ပန်းကန်လုံးအကြီးတစ်လုံး လိုအပ်ပါလိမ့်မယ်။ ထိုပန်းကန်လုံးထဲသို့ ရေခဲများ အရင်ထည့်လိုက်ပါ။ ထို့နောက် အစိမ်းရောင်သာကူများထည့်ပါ။ သရက်သီးဖျော်ရည်ထည့်ပြီးနောက် ပန်းရောင်သာကူစေ့များထည့်ကာ နောက်ဆုံးမှာတော့ သရက်သီးအတုံးငယ်လေးများထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ သရက်သီး သာကူချိုချိုလေး ရရှိသွားပါပြီ။ ထမင်းစားပြီးတဲ့နောက်မှာ အချိုပွဲအနေနဲ့ သုံးဆောင်နိုင်ပါတယ်။

Source: Asianfoodnetwork.com