ချိစ်ကိတ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ကိတ်မုန့်ပြုလုပ်နည်းကတော့ သရက်သီး ချိစ်ကိတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၇ ဇွန်း
  • ဘီစကစ်အကြေအစများ စားပွဲတင်ဇွန်း ၂၈ ဇွန်း (ဘီစကစ် သို့မဟုတ် ခရက်ကာများကို အမှုန့်များဖြစ်အောင် ထုထောင်းထားပါ)
  • သရက်သီး ၁၄ အောင်စ (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရင်မ်ချိစ် ၈ အောင်စ

  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၅ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ဒယ်အိုးကို ဆီစုပ်စက္ကူ ခံထားပြီးနောက် ဆီဖြင့် သုတ်လိမ်းထားပါ။

၂။ ထို့နောက် ထောပတ်ကို အရည်ပျော်အောင် အပူပေးပြီးနောက် ဘီစကစ်မှုန့်များဖြင့် သမအောင် ရောနယ်လိုက်ပါ။

၃။ ရရှိလာတဲ့ ဘီစကစ်ထောပတ် အရောအနှောကို ဒယ်အိုးထဲ ထည့်ပြီးနောက် မျက်နှာပြင်ညီညာအောင် ညှိပါ။ ထို့နောက် ဖန်ခွက်အောက်ခြေဖြင့် ဖွဖွလေးဖိပေးလိုက်ပါ။

၄။ သရက်သီးများကို သစ်သီးဖျော်စက်ထဲ ထည့်ဖျော်ပါ။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၂ ဇွန်း ထပ်ထည့်ကာ ထပ်ဖျော်လိုက်ပါ။ ရရှိလာတဲ့ သရက်သီးအနှစ်များကို အရသာ ပိုချိုချင်တယ်ဆိုရင်တော့ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။

၅။ ခရင်ချိစ်များကို ပန်းကန်လုံးအကြီးထဲထည့်ပါ။ သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်းထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် မွှေလိုက်ပါ။

၆။ ကြက်ဥ ၅ လုံးကို တစ်လုံးချင်းစီ ဖောက်ထည့်ပါ။ ကြက်ဥ ၁ လုံး ထည့်ပြီးပါက တစ်ခါမွှေခလောက်ပေးပါ။ နောက်တစ်လုံး ထပ်ဖောက်ထည့်ပါက နောက်တစ်ခါ မွှေခလောက်ပါ။

၇။ ထို့နောက် သရက်သီးအနှစ်တစ်ဝက်ကို ခရင်မ်ထဲထည့်ပြီး ဂျုံမှုန့် ထည့်ကာ သမအောင် မွှေပါ။

၈။ ရရှိလာတဲ့ မုန့်နှစ်ကို ကိတ်မုန့်ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။

၉။ ကျန်ရှိတဲ့ သရက်သီးအနှစ်တစ်ဝက်ကို ပုံပါအတိုင်း အိုးထဲသို့ တစ်စက်ချင်းစီထည့်ပါ။

၁၀။ ထို့နောက် တုတ်ချောင်း (သို့) ဓားပါးပါးလေးဖြင့် စက်ဝိုင်းပုံသဏ္ဍာန် မွှေပါ။

ပြီးရင်တော့ အပူပေးထားပြီးသား Oven ထဲတွင် ၁ နာရီ ခန့်ထည့်ဖုတ်လိုက်ပါ။ ၁ နာရီတည်းနဲ့ ကောင်းကောင်း မကျက်သေးဘူးဆိုရင်တော့ နောက်ထပ် ၁၀ မိနစ်ထပ်ဖုတ်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ သရက်သီးချိစ်ကိတ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com