အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အမဲသားစဉ်းကော ကြက်သွန်မြိတ်ရောကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၈ မြွှာ (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း (သို့) ရေ
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်မြိတ် ၂ စည်း ( ၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် အမဲသား၊ ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးထဲတွင်တော့ ပဲငံပြာရည်၊ သကြား၊ ကြက်ပြုတ်ရည်၊ ငရုတ်သီးဆော့စ်၊ ပြောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက နယ်ထားသော အမဲသားများထည့်ကာ ၈ မိနစ်မှ ၁၀ မိနစ်ခန့် ကြော်လိုက်ပါ။

၄။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်များထည့်ကာ အမဲသားများနှင့် ၃ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ကြက်သွန်မြိတ်များထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

ပြီးရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ နောက်ဆုံးကျမှ နှမ်းစေ့လေး ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားစဉ်းကော ကြက်သွန်မြိတ်လေးများ ရရှိသွားပါပြီ။

Source: Seonkyounglongest.com